ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာတွင် ကျေးရွာသား(၁)ဦးအား အာဏာသိမ်းစစ်တပ်က နေအိမ်ထဲအထိ ဝင်ရောက်ကာ အကြောင်းမဲ့ ရိုက်သတ်သွား

ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာတွင် ကျေးရွာသား(၁)ဦးအား အာဏာသိမ်းစစ်တပ်က နေအိမ်ထဲအထိ ဝင်ရောက်ကာ အကြောင်းမဲ့ ရိုက်သတ်သွား
မေ 25, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါပိုးစီကျေးရွာတွင် ယနေ့ မေလ(၂၅)ရက်နေ့ ညနေ (၄)နာရီကျော် အချိန်ခန့်က အဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များက ကျေးရွာသား တစ်ဦးအား နေအိမ်ထဲထိ အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့ သောကြောင့် သေဆုံးသွားကြောင်းသိရသည်။

သူတို့ ဒီညနေမှာ အင်အား အများကြီးပဲ အိမ်ထဲထိ ဝင်ပြီးတော့မှ ရိုက်သတ်သွားတယ်။ ရိုက်သတ်ပြီး အဲ့ကောင်တွေက လွိုင်ကော်ဖက်ကို ပြန်သွားလိုက်တယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော် - ဒီးမော့ဆို လမ်မကြီးဘေးရှိ ဒေါပိုးစီကျေးရွာထဲသို့ စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင် (၃၀) ကျော်မှ ဖြတ်သွားရင်း ကျေးရွာရှိ အမျိုးသားတစ်ဦး ၏ နေအိမ်ထဲသို့ အကြောင်းမဲ့ဝင်ရောက်ကာ ညှင်းပန်းနှိပ်စက်၍ ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်တွင် ယနေ့ မေလ (၂၅)ရက်နေ့ နံနက်ပိုင်းကစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ လက်ရှိချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းသိရသည်။