လွိုင်ကော်မြို့ ထေးသမရပ်ကွက် (ချိကယ်ရပ်ကွက်)အနီး ပစ်ခတ်သံတွေ ကြားနေရ 

လွိုင်ကော်မြို့ ထေးသမရပ်ကွက် (ချိကယ်ရပ်ကွက်)အနီး ပစ်ခတ်သံတွေ ကြားနေရ 
မေ 19, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့  ထေးသမရပ်ကွက် (ချိကယ်ရပ်ကွက်) တွင် ၂၀၂၁ ခုနှစ် မေလ (၁၉) ရက်နေ့ည (၁၀) နာရီဝန်းကျင်က သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ရပ်ကွက်လူထုထံမှသိရသည်။ 

ဆိုင်ကယ်တွေ ဆူညံအောင်စီးသွားတာ ကြားတယ်။ သိပ်မကြာဘူး ခုပစ်သံကြားတာ။ ခုတောင် (၅)ချက်လောက်ရှိပြီ။ ခွေးတွေလည်း အူပြီးအရမ်းဟောင်နေတယ်။ ပစ်နေတာ သေချာတယ် ။ ဘာကို ပစ်တယ်ဆိုတာ မသိဘူး ။ သေနတ်ပစ်တာတော့သေချာတယ်

ဟု ထေးသမရပ်ကွက်မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။ 

 အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များက ထေးသမရပ်ကွက်ကို ညပိုင်းတွင် ကားများဖြင့် လှည့်လည်နေကြောင်းသိရပြီး ည (၁၀)နာရီကျော်တွင် အော်ဟစ် ပစ်ခတ်မှုများ လုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ညပိုင်းအထိ လွိုင်ကော်မြို့တွင်း လှည့်လည်နေကြောင်း သိရသည်။