တာချီလိတ်တွင် ၂၀၂၀ ခုနှစ် နှစ်ဝက်ကာလအတွင်း လောင်းကစား ဖမ်းဆီးရမိမှု (၇)မှုဖြင့် (၅)နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်လာ

တာချီလိတ်တွင် ၂၀၂၀ ခုနှစ် နှစ်ဝက်ကာလအတွင်း လောင်းကစား ဖမ်းဆီးရမိမှု (၇)မှုဖြင့် (၅)နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်လာ
ဇွန် 17, 2020
By Tachileik News Agency

တာချီလိတ်တွင် ၂၀၂၀ ခုနှစ် နှစ်ဝက်ကာလအတွင်း လောင်းကစား ဖမ်းဆီးရမိမှု (၇)မှုဖြင့် (၅)နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်လာ

ထိုင်း၊ လာအို နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လအထိ လောင်းကစားမှု (၇) မှု ဖမ်းဆီးရမိထားရာ ၂၀၁၆ ခုနှစ်မှစ၍ (၅)နှစ်တာကာလအတွင်း ဖမ်းဆီးမှုအရေအတွက် အများဆုံးဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း လောင်းကစားမှုများ ဖော်ထုတ်ဖမ်းဆီးရရှိမှု အရေအတွက်မှာ ၂၀၁၆ ခုနှစ်အတွင်း လောင်းကစားမှု (၂) မှုမှ အမျိုးသား (၁၃) ဦိးနှင့် အမျိုးသမီး (၁) ဦးကို ဂိမ်းစက် (၂) လုံး၊  မော်တော် ဆိုင်ကယ် (၂) စီး၊ မော်တော်ယာဉ် (၁) စီးနှင့် ထိုင်းဘတ်ငွေ (၈၁,၆၁၃) ဘတ်ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လောင်းကစားမှု (၁) မှုမှ အမျိုးသား (၁) ဦးကို ဂိမ်းစက် (၄) လုံး၊ ထိုင်းဘတ်ငွေ (၅,၁၄၀) ဘတ်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် လောင်းကစားမှုများ ဖမ်းဆီးရရှိခြင်း မရှိခဲ့ဘဲ ၂၀၁၉ ခုနှစ်တွင် လောင်းကစားမှု (၂) မှုမှ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးကို ဂိမ်းစက် (၈) လုံး၊ ထိုင်းဘတ်ငွေ (၄၄,၈၃၀) ဘတ်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇွန်လအထိ လောင်းကစားမှု (၇) မှုကိုဖမ်းမိရာတွင် အမျိုးသား (၂၄) ဦးနှင့် အမျိုးသမီး (၈) ဦးကို ဂိမ်းစက် (၇၈) လုံး၊ မော်တော်ဆိုင်ကယ် (၂) စီး၊ ထိုင်းဘတ်ငွေ (၈၆,၆၄၅) ဘတ်တို့ဖြင့် ဖမ်းစီးရမိခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ အသီးသီးဖြင့် အမှုဖွင့်ကာ တရားရုံးတင်ထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် ကျားမင်းစီမံချက်ဖြင့် လောင်းကစား ဂိမ်းခုံဖမ်းဆီး

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် လောင်းကစားလုပ်ငန်းများနှင့် မှုခင်းများကျဆင်းရေးအတွက် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ (၃) လကြာမြင့်သည့် ကျားမင်းစီမံချက်ကို စတင်လိုက်ပြီး  လောင်းကစားဂိမ်းခုံများကို  ဖမ်းဆီးခဲ့ပြီးနောက် သက်တမ်း ထပ်တိုးဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် လောင်းကစားဂိမ်းခုံများနှင့်အတူ ဖမ်းမိသည့် ပိုင်ရှင်အပါအဝင် (၁၇)ဦးအား လောင်းကစား ဥပဒေဖြင့် အမှုဖွင့်

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီး

တာချီလိတ်တွင် သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသွားသူ၏ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး နှင့် လောင်းကစား ဂိမ်းခုံများ ဖမ်းဆီးရမိ

တာချီလိတ်ရဲတပ်ဖွဲ့က လောင်းကစားရုံတစ်ခုကို ကျားမင်းစီမံချက်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~