နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီး

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီး
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများ ဖမ်းဆီး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဝိန်းကျောက်ရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်နဲ့ မယ်ခေါင်ရပ်ကွက်တွေအတွင်း နေရာ (၅) နေရာက လောင်းကစားဂိမ်းခုံတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ နေ့လည်ပိုင်းက ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့နဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။

တာချီလိတ်မြို့နယ်နဲ့ မြို့ပေါ်ရပ်ကွက်တွေထဲက ဟိုတယ်နဲ့ အခြားနေရာတွေမှာ ငါးမန်းဂိမ်းလောင်းကစားရုံပေါင်း (၅၀၀) ကျော်ရှိတယ်ကြောင်း အထက်ဌာနသတင်းတွေအရ ၎င်းငါးမန်းဂိမ်းခုံတွေ အမှန်တကယ်ရှိ၊ မရှိ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားဖို့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)က ညွှန်ကြားလာတဲ့အတွက် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးတို့က အဖွဲ့ (၃) ဖွဲ့ခွဲပြီး တာချီလိတ်မြို့တွင်းက ငါးမန်းဂိမ်းဆိုင်တွေကို အဖွဲ့စုံနဲ့ လိုက်လံရှာဖွေဖမ်းဆီးနေတာဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးရာမှာ နေရာ(၅)နေရာကနေ အမျိုးအစားကွဲပြားတဲ့ ငါးမန်းဂိမ်းခုံ စုစုပေါင်း (၃၃) ခုံ နဲ့ ထိုင်းဘတ်ငွေ (၆၇,၀၀၀) ကျော်နဲ့အတူ အမျိုးသား အမျိုးသမီး (၁၄) ဦးကို ဖမ်းဆီးရမိခဲ့တဲ့အတွက် တာချီလိတ်မြို့မှရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တင်ဆက် - ကိုဇောင်း သတင်းရိုက်ကူး - ဟန်စိုးထိုက်

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~