တာချီလိတ်တွင် လောင်းကစားဂိမ်းခုံများနှင့်အတူ ဖမ်းမိသည့် ပိုင်ရှင်အပါအဝင် (၁၇)ဦးအား လောင်းကစား ဥပဒေဖြင့် အမှုဖွင့်

တာချီလိတ်တွင် လောင်းကစားဂိမ်းခုံများနှင့်အတူ ဖမ်းမိသည့် ပိုင်ရှင်အပါအဝင် (၁၇)ဦးအား လောင်းကစား ဥပဒေဖြင့် အမှုဖွင့်
မေ 9, 2020
By Tachileik News Agency
တာချီလိတ်တွင် လောင်းကစားဂိမ်းခုံများနှင့်အတူ ဖမ်းမိသည့် ပိုင်ရှင်အပါအဝင် (၁၇)ဦးအား လောင်းကစား ဥပဒေဖြင့် အမှုဖွင့်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၉)ရက်နေ့ နေ့လည်ပိုင်းက ငါးမန်းဂိမ်းလောင်းကစားခုံများ ဖွင့်လှစ်ထားသည့် အမျိုးသမီး (၁)ဦးနှင့် လောင်းကစားပြုလုပ်သည့် အမျိုးသား (၁၆)ဦးကို  လောင်းကစားဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လောင်းကစားလုပ်ငန်း လုပ်ကိုင်တဲ့ ပိုင်ရှင်ရော၊ လောင်းကစားလုပ်တဲ့ သူတွေကိုရော လောင်းကစားဥပဒေနဲ့ အရေးယူထားပါတယ်။ လောင်းကစားဂိမ်းခုံတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိပါတယ်။ မူးယစ်ဆေးဖမ်းမိတာ မရှိပါဘူး။

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၄)လမ်းရှိ လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ထားသည့်အိမ်ကို မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းဖြင့် နေ့လယ်ပိုင်းတွင် ဝင်ရောက်စီးနင်းဖမ်းဆီးရာ ငါးမန်းဂိမ်းခုံ အသေး (၂၃)ခုံနှင့် အကြီး (၆)ခုံ စုစုပေါင်း (၂၉)ခုံနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ထိုင်းဘတ် (၁၇,၁၅၀)၊ ဆိုင်ကယ် (၂) စီးတို့ကို လောင်းကစားပြုလုပ်နေသည့် အမျိုးသား (၁၆)ဦးနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လောင်းကစားရုံတွင် လောင်းကစား ပြုလုပ်နေသူများဖြစ်သည့် ကျော်ကျော်လွင်၊ မင်းသူ၊ စိုင်းဆိုင်ဖွန်၊ ကျော်စိုးဝင်း၊ ဒဲဒဲ၊ စိုင်းခေါင်ခမ်း၊ မိုးကိုဦး၊ စိုင်းစံ၊ အိုက်ကောင်ခမ်း၊ ကျပါ၊ အောင်ပြည်သိန်း၊ အောင်အောင်၊ နိုးအာ၊ စိုင်းပန်းမောင်၊ စိုင်းသိန်းသိန်းထွဋ်နှင့် ပီချားတို့အား လောင်းကစားဥပဒေပုဒ်မ ၁၆ (က)ဖြင့် လည်းကောင်း၊ လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ဝင့်ဝါခိုင် (ခ) ဝါဝါ ကို လောင်းကစားဥပဒေပုဒ်မ ၁၇ (က) ဖြင့် လည်းကောင်း တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၂၁/၂၀၂၀ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး (၆)လမှ (၁)နှစ်အပြင် ငွေဒဏ် အနည်းဆုံး ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းအထိပါ ချမှတ်နိုင်ပြီး ပြစ်မှုနှင့် အကျုံးဝင်သည့် သက်သေခံပစ္စည်းနှင့် ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်။

လောင်းကစားဥပဒေ ပုဒ်မ ၁၇ (က) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး (၁)နှစ်မှ (၃)နှစ်အထိ ချမှတ်နိုင်သည့်အပြင် ဒဏ်ငွေ အနည်းဆုံး ကျပ်(၁)သိန်းမှ (၅)သိန်းအထိချမှတ်နိုင်ပြီး သက်သေခံပစ္စည်းနှင့် ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်။

အဆိုပါ လောင်းကစားအိမ်ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းထိုက် ဦးစီးသည့် တပ်ဖွဲ့ဝင်များက သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~