တောင်ကြီးမြို့ပေါ် ပြည်တော်သာတွင် မီးလောင်မှု ဖြစ်ပွား

တောင်ကြီးမြို့ပေါ် ပြည်တော်သာတွင် မီးလောင်မှု ဖြစ်ပွား

တောင်ကြီးမြို့ပေါ် ပြည်တော်သာတွင် မီးလောင်မှု ဖြစ်ပွားရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ် ပြည်တော်သာရပ်ကွက်အတွင်း နယ်မြေ(၁၂)တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် မတ်လ(၂၁)ရက်နေ့ အကူး နံနက်(ဝဝး၁၇)နာရီအချိန်က တောင်ကြီးမြို့ပေါ် ပြည်တော်သာရပ်ကွက်၊ နယ်မြေ(၁၂)အတွင်း စံပယ်လမ်းတွင် မီးလောင်ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် အနီးနေ ပြည်သူများဖြင့် စုပေါင်းငြှိမ်းသတ်ရာက (ဝဝး၄၀)နာရီဝန်းကျင်အချိန်တွင် မီးလောင်ငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသော်လည်း ဘာကြောင့် မီးလောက်သည်ကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ 

#TachileikNewsAgency

Photo: MFSD