လူဦးရေနည်းပါးသည့် တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၄၄၅)ဦးအထိရှိနေပြီး သေဆုံးသူ (၁၁)ဦး ရှိနေ

Photo: တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်း
Photo: တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်း
လူဦးရေနည်းပါးသည့် တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၄၄၅)ဦးအထိရှိနေပြီး သေဆုံးသူ (၁၁)ဦး ရှိနေ
အောက်တိုဘာ 31, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်လက်အောက်ရှိ တာလေမြို့တွင် ယနေ့ အောက်တိုဘာလ(၃၁)ရက်နေ့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ တစ်ဦး ထပ်တိုးသေဆုံးသည့်အတွက် တာလေမြို့အနေဖြင့် သေဆုံးသူ (၁၁)ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

တာလေမြို့တွင် အောက်တိုဘာလ(၂၈)ရက်နေ့က  (၉)ဦးမြောက်အဖြစ် အမှတ် (၁)ရပ်ကွက် သီရိမှ အသက်(၅၄)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ ယင်းနေ့မှာပင် (၁၀)ဦးမြောက်အဖြစ် အမှတ် (၁)ရပ်ကွက် သီရိ၊ ပါနော့ရွာနေ အသက်(၈၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် (၁၁)ဦးမြောက်အဖြစ် ယနေ့ အောက်တိုဘာလ(၃၁)ရက်နေ့တွင်  ဗေသလရွာမှ အသက်(၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ (၁၁)ဦးတွင် အမျိုးသမီး (၉)ဦး နှင့် အမျိုးသား (၂)ဦး တို့ ပါဝင်သည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့အထိ Covid-19 ပိုးကူးစက်ခံထားရသူ စုစုပေါင်း (၄၄၅)ဦးအထိ ရှိနေပြီး သေဆုံးသူမှာ အောက်တိုဘာလ(၃၁)ရက်နေ့အထိ သေဆုံးသူ (၁၁)ဦးထိရှိကာ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၃၀၀)ကျော်ရှိသည်ဟု သိရသည်။

တာလေမြို့သည် ကျေးရွာများ များပြားပြီး လူဦးရေနည်းသည့် ဒေသဖြစ်သည်။