တာချီလိတ်တွင် ကျားမင်းစီမံချက်ဖြင့် လောင်းကစား ဂိမ်းခုံဖမ်းဆီး

တာချီလိတ်တွင် ကျားမင်းစီမံချက်ဖြင့် လောင်းကစား ဂိမ်းခုံဖမ်းဆီး
မေ 9, 2020
By Tachileik News Agency
တာချီလိတ်တွင် ကျားမင်းစီမံချက်ဖြင့် လောင်းကစား ဂိမ်းခုံဖမ်းဆီး

မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေးအတွက် ကျားမင်းစီမံချက်အနေနဲ့ အကောင်အထည်ဖေါ်နေတဲ့ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ၂၀၂၀ခုနှစ် မေလ(၉)ရက်နေ့ နေ့လည်ပိုင်းက မယ်ခေါင်ရပ်ကွက်အတွင်းထဲက ငါးမန်းဂိမ်းခုံလောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ လောင်းကစားပြုလုပ်နေ သူ (၁၆)ဦး နဲ့ သက်ဆိုင်သူများကို  ဖမ်းဆီးရမိကြောင်း သိရပါတယ်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၄)လမ်းထဲမှာ လောင်းကစားရုံကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့၊ တာချီလိတ်မြို့မရဲတပ်ဖွဲ့နဲ့ သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ၌ လောင်းကစားပြုလုပ်နေသူများ အပါဝင် လောင်းကစားငွေအချို့နှင့် ဂိမ်းခုံများကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာချီလိတ်မြို့မရဲစခန်းမှာ စစ်ဆေးနေလျက်ရှိကြောင်း သိရပါတယ်။၊

နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ လောင်းကစားလုပ်ငန်းများနဲ့ မှုခင်းများ ကျဆင်းရေးအတွက် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍  ကျားမင်းစီမံချက်ကို  ရဲတပ်ဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း၊ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~