တာချီလိတ်တွင် မူးယစ်ဆေးရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဘိန်းဖြူဘလောက်တုံးနှင့်အတူ ဖမ်းမိ

တာချီလိတ်တွင် မူးယစ်ဆေးရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဘိန်းဖြူဘလောက်တုံးနှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 13, 2019
By 🌸

တာချီလိတ်တွင် မူးယစ်ဆေးရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဘိန်းဖြူဘလောက်တုံးနှင့်အတူ ဖမ်းမိ

နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးရောင်းချနေသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို ဘိန်းဖြူဘလောက်တုံး (၃၃၀) ဂရမ်နှင့်အတူ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၌ ဖမ်းမိထားပြီး ဆက်စပ်နေသူများကို ထပ်မံဖေါ်ထုတ်နေကြောင်း သိရသည်။

မကာဟိုခမ်းရပ်ကွက်ရှိ ဂေါ်သဇင်လမ်းမပေါ်တွင် နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်က လမ်းလျှောက်လာသည့် ထိုင်းနိုင်ငံသား Chuenkhwa Sae – wum အား ပူးပေါင်းအဖွဲ့က စစ်ဆေးရာမှ အတွင်းခံဘောင်းဘီတွင်း ထည့်သွင်းလာသည့် အလေးချိန် (၃၃၀)ဂရမ်ခန့်ရှိသော ဘိန်းဖြူဘလောက်တုံးကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားမှာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကာ မူးယစ်ဆေးရောင်းချရန် သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ကြိုးစားနေသည်ဟု သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား Chuenkhwa Saewum ကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net