တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား(၁)ဦး အပါအဝင် စုစုပေါင်း (၃)ဦး၌ Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား(၁)ဦး အပါအဝင် စုစုပေါင်း (၃)ဦး၌ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 21, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား(၁)ဦး အပါအဝင် စုစုပေါင်း (၃)ဦး၌ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ နေရပ်ပြန်ရန် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၌ လာရောက်ဆေးစစ်သည့် ထိုင်းနိုင်ငံသား (၁)ဦးတွင် COVID 19 ပိုးတွေ့ရပြီး ၎င်းနှင့်ထိတွေ့မှုရှိသူ အမျိုးသမီး (၂)ဦးတွင်လည်း ပိုးတွေ့ရကြောင်း သိရသည်။
မယ်ခေါင်ရပ်ကွက်၌ နေထိုင်သည့် ထိုင်းနိုင်ငံသား (၁)ဦးသည် နေရပ်ပြန်ရန်အတွက် RDT ဖြင့် လာရောက်စစ်ဆေးမှုခံယူရာမှ COVID 19 ပိုးရှိနေသည်ကို တွေ့ရသဖြင့် ၎င်းနှင့်ထိတွေ့မှုရှိသည့် အမျိုးသမီး (၂)ဦးကို စစ်ဆေးရာတွင်လည်း COVID 19 ပိုးရှိနေသည်ကို တွေ့ရခြင်းဖြစ်သည်။
COVID 19 ပိုးတွေ့ရသည့် ထိုင်းနိုင်ငံသားနေထိုင်သည့် အိမ်တွင် ကလေး (၁)ဦးနှင့် လူကြီး (၁)ဦးအတူနေထိုင်သည်ဟုသိရ၍ အဆိုပါ (၂)ဦးကိုပါ ဆက်လက်စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် အတည်ပြုလူနာ (၃) ဦးနှင့် ထိတွေ့မှုရှိသူများကို စုံစမ်းဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့ခဲ့ရပြီးနောက် ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၇)ဦးရှိပြီး ယင်းတို့အနက် (၁၀၅)ဦးမှာ နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့ကြားကာလတွင် တွေ့ရခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~