တာချီလိတ် နှင့် မယ်ဆိုင်အကြား တံတား(၂)မှ အခွန်လျော့ပေးရေး ထိုင်းဘက်က အကြောင်းမပြန်သေး

တာချီလိတ် နှင့် မယ်ဆိုင်အကြား တံတား(၂)မှ အခွန်လျော့ပေးရေး ထိုင်းဘက်က အကြောင်းမပြန်သေး
စက်တင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား တံတား(၂)မှ  အခွန်လျော့ပေးရေး ထိုင်းဘက်က အကြောင်းမပြန်သေး
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ မြန်မာနိုင်ငံတာချီလိတ်မြို့ကို နေ့စဉ်စားသောက်ကုန်တွေ ဝင်ရောက်နေတဲ့အတွက် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်တာတွေမရှိပေမယ့်  အမှတ်(၂)တံတားမှာ တစ်ပိုင်တစ်နိုင်တွေကို ထိုင်းဘက်က အခွန်ကောက်ခံမှုတွေရှိနေတဲ့အတွက် COVIDကာလမှာ အခွန်လျော့ချပေးဖို့ ညှိနှိုင်းထားပေမယ့်လည်း ထိုင်းနိုင်ငံဘက်က အကြောင်းပြန်ကြားမှုမရှိသေးဘူးလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 
ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ Covid-19 အခြေအနေတွေကြောင့် ၂၀၂၀ ခုနှစ် မတ်လ(၂၃)ရက်နေ့ကစပြီး ယနေ့အထိ တာချီလိတ်နဲ့ မယ်ဆိုင်အကြားက မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ထိုင်းဘက်က စ၍ ပိတ်ထားပေမယ့် နယ်စပ်ကုန်သည်ရေးအတွက် ချစ်ကြည်ရေး အမှတ်(၂)တံတားကို အကန့်သတ်တွေနဲ့ ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~