တာချီလိတ်တွင် ဆိုင်ကယ်စီးနင်းလာသူအား ဓားဖြင့်ခုတ်သည့် လူငယ်ကို တစ်ပတ်အကြာတွင် ဖမ်းဆီးရမိ

တာချီလိတ်တွင် ဆိုင်ကယ်စီးနင်းလာသူအား ဓားဖြင့်ခုတ်သည့် လူငယ်ကို တစ်ပတ်အကြာတွင် ဖမ်းဆီးရမိ
သြဂုတ် 15, 2020
By Tachileik News Agency
 
တာချီလိတ်တွင် ဆိုင်ကယ်စီးနင်းလာသူအား ဓားဖြင့်ခုတ်သည့် လူငယ်ကို တစ်ပတ်အကြာတွင် ဖမ်းဆီးရမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးနင်းလာသူ လူငယ်တစ်ဦးအား ဓါးဖြင့်ခုတ်သည့်အဖွဲ့ကို တစ်ပတ်အကြာဖြစ်သည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၌ ဖမ်းမိထားပြီဖြစ်၍ အမှုဖွင့်အရေးယူရန် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အရင်ဆုံးဖမ်းမိတာက ဦးအာဖာကွင်းထဲမှာ နှစ်ယောက် ဖမ်းမိတယ်။ ကျော်မင်းရယ်၊ လော်မာရယ်ကို မိတယ်။ နောက်ထပ်ကျန်တဲ့သူတွေကို လိုက်ဖမ်းတဲ့အခါ ဓားနဲ့ခုတ်တဲ့တစ်ယောက် အိုက်စန်းကို ပါဆတ်ထဲမှာ မိတယ်။ အိုက်စန်းကိုမိပြီးတော့ နောက်ကျန်တဲ့တစ်ယောက် အားလို့ကို အာခါဈေးနောက်မှာ ရန်အောင်မြေရပ်ကွက်ပေါ့နော် အဲဒီမှာမိတယ်။ အခုလောလောဆယ်တော့ (၄)ယောက် ဖမ်းမိထားတယ်။ အမှုစစ်က စစ်နေတုန်းပဲရှိပါသေးတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနီးတွင် ဩဂုတ်လ(၈)ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးနင်းလာသည့် လူငယ်တစ်ဦးမှာ နောက်ကျောကိုဓါးဖြင့်ခုတ်ခံရ၍ လှည့်ကင်းရဲတပ်ဖွဲ့ရှိရာသို့ လာရောက် အကူအညီတောင်းခံသဖြင့် လှည့်ကင်းအဖွဲ့က ဆေးရုံသို့ သွားရန် ပြောပြီးနောက်  ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် သီးခြားလိုက်ပါကာ ဒဏ်ရာရလူငယ်ကို ဆိုင်ကယ်အသီးသီးဖြင့် ပြည်သူ့ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 
ဓါးခုတ်ခံရသည့် လူငယ်မှာ ဆေးရုံသို့ ဆိုင်ကယ်ဖြင့် ကိုယ်တိုင်မောင်းသွားရပြီး လှည့်ကင်းအဖွဲ့က လူနာတင်ယာဉ် မခေါ်သည့်အတွက် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဓားခုတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းဖေါ်ထုတ်ချက်အရ ဓားဖြင့် ခုတ်သူ အသက် (၁၆)နှစ်အရွယ် အိုက်စန်းအပြင် အခင်းဖြစ်ပွားစဉ်က အိုက်စန်းနှင့်အတူပါလာသည့် လူငယ် (၃)ဦးဖြစ်သည့် ကျော်မင်း၊ လော်မာနှင့် အားလို့ တို့ကိုပါ သြဂုတ်လ (၁၅)ရက်နေ့ ည (၇)နာရီဝန်းကျင်၌ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ဓါးခုတ်ခံရသည့်လူငယ်မှာ ဒဏ်ရာ မပြင်းထန်ကြောင်းသိရပြီး ယင်းနေ့မှာပင် ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူထားကြောင်း သိရသည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~