မိုင်းယောင်းမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများ Mask ဝယ်ယူတပ်ဆင်စေသည့်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်

မိုင်းယောင်းမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများ Mask ဝယ်ယူတပ်ဆင်စေသည့်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်
စက်တင်ဘာ 6, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများ Mask ဝယ်ယူတပ်ဆင်စေသည့်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်သွားလာသူများကို COVID 19 အသိပညာပေးခြင်းနှင့်အတူ Mask ဝယ်ယူတပ်ဆင်စေသည့်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံတွင်း COVID 19 ပြည်တွင်းကူးစက်မှုအများအပြား တွေ့နေရချိန်တွင် Mask တပ်ဆင်ခြင်းမရှိပါက ရောဂါပိုးကူးစက်နိုင်ချေမြင့်မားသဖြင့် အများပြည်သူအနေဖြင့် မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန် အသိပညာပေး ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ အသိပညာပေးဆောင်ရွက်ခြင်းကို သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့်  Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
မိုင်းယောင်းမြို့တွင် လူအသွားအလာများသည့် ဗလမင်းထင်ကျောက်တိုင်အနီး နမ့်မိန်တံတားလမ်းမ၌ COVID 19 အသိပညာပေးလုပ်ငန်းများကို စက်တင်ဘာလ(၅)ရက်နေ့က  ဆောင်ရွက်နေခြင်းဖြစ်သည်။ 

Tachileik News Agency

သတင်း - စိုင်းအောင်ဇော်လင်း
 
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~