မိုင်းဖြတ် အင်နမ့်ခမ်းကျေးရွာတွင် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံပေးရန် ကွင်းဆင်းစည်းရုံး

မိုင်းဖြတ် အင်နမ့်ခမ်းကျေးရွာတွင် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံပေးရန် ကွင်းဆင်းစည်းရုံး
နိုဝင်ဘာ 15, 2019
By 🌸



မိုင်းဖြတ် အင်နမ့်ခမ်းကျေးရွာတွင် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံပေးရန် ကွင်းဆင်းစည်းရုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ အင်နမ့်ခမ်းကျေးရွာတွင် ကာကွယ်ဆေး မထိုးရသေးသည့် အသက်တစ်နှစ်အောက် ကလေးများရှိနေသေး၍ ကလေးများအား ကာကွယ်ဆေးထိုးရန် ကျန်းမာရေးလုပ်ငန်းကော်မတီက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကွင်းဆင်းစည်းရုံးသည်။

'' ကျွန်တော်တို့ တစ်နှစ်အောက်ကလေးတွေကို နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ကွင်းဆင်းပြီးတော့ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ ထိုးပေးမှာပါ။ တောင်ပေါ်သားအများစုက ကာကွယ်ဆေး မထိုးကြပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးပေးထားခြင်းဖြင့် နောင်တစ်ချိန်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း လာရောက်ဟောပြောနေတာဖြစ်ပါတယ် '' ဟု ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဖုန်းမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စည်းရုံးဟောပြောမှုကို မြို့နယ်ကျန်းမာရေး လုပ်ငန်းကော်မတီ နာယကဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်သည့်အဖွဲ့က ကွင်းဆင်းဆောင်ရွက်သည်။
ဟောပြောပွဲတက်ရောက်လာသည့် ကလေးများနှင့် ဒေသခံများအား ကျန်းမာရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်မျာ ဖြစ်ကြသည့် သင်္ဂဟ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာနှင့် ဦးသန်းအေးတို့က အဟာရမုန့်များ ပေးဝေခဲ့ကြသည်။

Tachileik News Agency

ဆက်စပ်သတင်းများ
အထူးဒေသ(၄)အတွင်း နှင့် မိုင်းယောင်းမြို့နယ်အတွင်းေဝးလံခက်ခဲဒေသများနေ ကလေးငယ်ပေါင်း (၃,၂၆၅)ဦးကို ပိုလီယိုကာကွယ်ဆေးနှင့် (၂,၉၈၀)ဦးကို ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးထား

ကလေးငယ် (၆၀) ကျော် ဝက်သက်ရောဂါဖြစ်ပွားခဲ့သည့် တာချီလိတ်မြို့နယ်တွင် အောက်တိုဘာ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

တာချီလိတ်မြို့နယ်တွင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်၍  ရွှေ့ပြောင်းနေထိုင်သူများ နီးစပ်ရာကျန်းမာရေးဌာနများ၌ လာရောက်တိုက်ကျွေးနိုင်မည်

ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးရာတွင် ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေးများပါ ပူးတွဲထိုးနှံပေးမည်ဖြစ်ပြီး ရွှေ့ပြောင်းမိသားစုများမှ ကလေးများ လာရောက်ထိုးနှံနိုင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net