မိုင္းဆတ္ၿမိဳ႕ ေကာင္းမႈတန္းေက်းရြာတြင္ အမ်ဳိးသမီးတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္ ဖမ္းဆီးရမိ

မိုင္းဆတ္ၿမိဳ႕ ေကာင္းမႈတန္းေက်းရြာတြင္ အမ်ဳိးသမီးတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္ ဖမ္းဆီးရမိ
မေ 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္ ေကာင္းမႈတန္ေက်းရြာတြင္ အမ်ဳိးသမီးတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္ ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၉)မိုင္းဆတ္ မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၉ခုႏွစ္ ေမလ(၁၉)ရက္ေန႔ နံနက္(၁၁)နာရီ(၄၅)မိနစ္၀န္းက်င္အခ်ိန္က ေကာင္းမႈတန္ေက်းရြာတြင္းရွိ ေဒၚနန္းဆြတ္၏ ေနအိမ္အား မူးယစ္ေဆး၀ါး သတင္းအရ သြားေရာက္စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ေနအိမ္အတြင္း ၀င္ေရာက္စစ္ေဆးရွာေဖြရာ သတင္းရရွိထားသည့္ ေဒၚနန္းဆြတ္ ဆိုသူအား ေနအိမ္တြင္ အသင့္ေတြ႔ရွိရၿပီး ေနအိမ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၁၉၅)ျပားကို ရွာေဖြေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၄၂)ႏွစ္အရြယ္ရွိ ေဒၚနန္းဆြတ္ ဆိုသူအား  မိုင္းဆတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၈/၂၀၁၉၊ မူး/စိတ္ဥပေဒပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရိွေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ကောင်းမှုတန်ကျေးရွာတွင် အမျိုးသမီးတစ်ဦးအား စိတ်ကြွဆေးပြားများနှင့် ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ် မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်(၁၁)နာရီ(၄၅)မိနစ်ဝန်းကျင်အချိန်က ကောင်းမှုတန်ကျေးရွာတွင်းရှိ ဒေါ်နန်းဆွတ်၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရှာဖွေရာ သတင်းရရှိထားသည့် ဒေါ်နန်းဆွတ် ဆိုသူအား နေအိမ်တွင် အသင့်တွေ့ရှိရပြီး နေအိမ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၉၅)ပြားကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၂)နှစ်အရွယ်ရှိ ဒေါ်နန်းဆွတ် ဆိုသူအား မိုင်းဆတ်မြို့မ ရဲစခန်းတွင် မယ(ပ)၈/၂၀၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net