အထူးဒေသ(၄)အတွင်း နှင့် မိုင်းယောင်းမြို့နယ်အတွင်းေဝးလံခက်ခဲဒေသများနေ ကလေးငယ်ပေါင်း (၃,၂၆၅)ဦးကို ပိုလီယိုကာကွယ်ဆေးနှင့် (၂,၉၈၀)ဦးကို ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးထား

အထူးဒေသ(၄)အတွင်း နှင့် မိုင်းယောင်းမြို့နယ်အတွင်းေဝးလံခက်ခဲဒေသများနေ ကလေးငယ်ပေါင်း (၃,၂၆၅)ဦးကို ပိုလီယိုကာကွယ်ဆေးနှင့် (၂,၉၈၀)ဦးကို ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးထား
အောက်တိုဘာ 29, 2019
By Tachileik News Agency
အထူးဒေသ(၄)အတွင်း နှင့် မိုင်းယောင်းမြို့နယ်အတွင်းေဝးလံခက်ခဲဒေသများနေ ကလေးငယ်ပေါင်း (၃,၂၆၅)ဦးကို ပိုလီယိုကာကွယ်ဆေးနှင့် (၂,၉၈၀)ဦးကို ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးထား

မိုင်းယောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက (၅)ရက်တာကာလအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်း၊ မိုင်းယုနှင့် အထူးဒေသ (၄)ရှိ ဝေးလံခက်ခဲဒေသများမှ ကလေးငယ် (၃၂၆၅) ဦးကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးထားပြီး (၂၉၈၀)ဦးကို ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးထားကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနသည် ဒုတိယအကြိမ် ပိုလီယိုရောဂါ ကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး၊ ထိုးနှံပေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ မိုင်းယောင်း၊ မိုင်းယုနှင့် အထူး(၄)ဒေသရှိ ကျိုင်းခမ်း၊ မိုင်းဟဲကျေးရွာနှင့် ဝေးလံခက်ခဲဒေသများတွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

မွေးစမှ အသက် (၅) နှစ်အရွယ် ကလေးငယ်များကို ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေးနှင့် အသက် (၉)လမှ (၅)နှစ်ခွဲရှိ ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး၊ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

မိုင်းယောင်းမြို့နယ်တွင် ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး၊ ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ သတ်မှတ်စုရပ်များ၌ ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးနေမှုအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းတို့က သွားရောက်ကြည့်ရှုခဲ့ပြီး ကလေးငယ်များ မကျန်ရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - အားချာ



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

အထူးေဒသ(၄)အတြင္း ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္အတြင္း ေ၀းလံခက္ခဲေဒသမ်ားေန ကေလးငယ္ေပါင္း (၃,၂၆၅)ဦးကို ပိုလီယိုကာကြယ္ေဆးႏွင့္ (၂,၉၈၀)ဦးကို ဝက္သက္ဂ်ိဳက္သိုးကာကြယ္ေဆး 
တုိက္ေကၽြးထိုးႏွံေပးထား

မိုင္းေယာင္းၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနက (၅)ရက္တာကာလအတြင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းေယာင္း၊ မိုင္းယုႏွင့္ အထူးေဒသ (၄)ရိွ ေဝးလံခက္ခဲေဒသမ်ားမွ ကေလးငယ္ (၃၂၆၅) ဦးကို ပိုလီယိုကာကြယ္ေဆး တုိက္ေကၽြးထားၿပီး (၂၉၈၀)ဦးကို ဝက္သက္၊ ဂ်ိဳက္သိုးကာကြယ္ေဆး ထိုးႏွံေပးထားေၾကာင္း သိရသည္။

မုိင္းေယာင္းၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနသည္ ဒုတိယအႀကိမ္ ပိုလီယိုေရာဂါ ကာကြယ္ေဆးႏွင့္ ဝက္သက္-ဂ်ိဳက္သိုး ေရာဂါကာကြယ္ေဆး အပိုေဆာင္း တိုက္ေကြၽး၊ ထိုးႏွံေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔မွ (၂၉)ရက္ေန႔အထိ မိုင္းေယာင္း၊ မိုင္းယုႏွင့္ အထူး(၄)ေဒသရွိ က်ိဳင္းခမ္း၊ မိုင္းဟဲေက်း႐ြာႏွင့္ ေဝးလံခက္ခဲေဒသမ်ားတြင္ ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္သည္။

ေမြးစမွ အသက္ (၅) ႏွစ္အရြယ္ ကေလးငယ္မ်ားကို ဒုတိယအႀကိမ္ ပိုလီယိုကာကြယ္ေဆးႏွင့္ အသက္ (၉)လမွ (၅)ႏွစ္ခြဲရွိ ကေလးငယ္မ်ားကို ဝက္သက္-ဂ်ိဳက္သိုး ေရာဂါကာကြယ္ေဆး အပိုေဆာင္း တိုက္ေကြၽး၊ ထိုးႏွံေပးခဲ့ျခင္းျဖစ္သည္။

မိုင္းေယာင္းၿမိဳ႕နယ္တြင္ ဒုတိယအႀကိမ္ ပိုလီယိုကာကြယ္ေဆးႏွင့္ ဝက္သက္-ဂ်ိဳက္သိုးေရာဂါကာကြယ္ေဆး အပိုေဆာင္းတိုက္ေကြၽး၊ ထိုးႏွံျခင္းကို ၿမိဳ႕နယ္က်န္းမာေရးဝန္ထမ္းမ်ားက ဦးေဆာင္၍ အမ်ိဳးသမီးေရးရာ အဖြဲ႕ဝင္မ်ား၊ မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအဖြဲ႕ဝင္မ်ားႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ပူးေပါင္းပါဝင္ ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္သည္။

ၿမိဳ႕ေပၚရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စုအတြင္းရွိ သတ္မွတ္စုရပ္မ်ား၌ ကာကြယ္ေဆး တိုက္ေကြၽး၊ ထိုးႏွံေပးေနမႈအား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီဝင္းႏွင့္ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာမင္းသိန္းတို႔က သြားေရာက္ၾကည့္ရႈခဲ့ၿပီး ကေလးငယ္မ်ား မက်န္ရွိေစေရးအတြက္ ကြင္းဆင္းေဆာင္႐ြက္ခဲ့ၾကသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - အားခ်ာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net