တာချီလိတ်မြို့မှ ဒုတိယမြောက် ကလေးအတည်ပြုလူနာ ဆေးရုံဆင်း

တာချီလိတ်မြို့မှ ဒုတိယမြောက် ကလေးအတည်ပြုလူနာ ဆေးရုံဆင်း
ဒီဇင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ ဒုတိယမြောက် ကလေးအတည်ပြုလူနာ ဆေးရုံဆင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒုတိယမြောက် COVID 19 ကလေးလူနာ (၁)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်၌ COVID 19 ကလေးလူနာ (၆)ဦး ကျန်ရှိသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍  COVID 19 ဒေသတွင်းကူးစက်မှုကို စတင်တွေ့လာရပြီးနောက် ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ အတည်ပြုလူနာ (၉၇)ဦးတွေ့ထားရသည့်အနက် အသက် (၅) လမှ အသက် (၉) နှစ်အရွယ်ကြား ကလေးငယ် (၈) ဦးပါဝင်ခြင်းဖြစ်သည်။
ပထမဆုံး ကလေးအတည်ပြုလူနာဖြစ်သည့် အသက် (၂)နှစ်အရွယ် ကလေးငယ်မှာ ဒီဇင်ဘာလ (၁၂)ရက်နေ့က ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဒုတိယမြောက်အဖြစ် အသက် (၉)နှစ်အရွယ် အတည်ပြုလူနာကလေးကို ဒီဇင်ဘာလ (၁၄)ရက်နေ့၌ ဆေးရုံဆင်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။
ကျန်အတည်ပြုလူနာကလေးငယ် (၆) ဦးကို တာချီလိတ်မြို့ ဆေးရုံဟောင်းဝင်းအတွင်းရှိ ကုသဆောင်တွင် ထားရှိကာ ဆက်လက်စောင့်ကြည့် ကုသပေးနေခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၉၇) ဦးတွေ့ရှိထားခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~