ကလေးငယ် (၆၀) ကျော် ဝက်သက်ရောဂါဖြစ်ပွားခဲ့သည့် တာချီလိတ်မြို့နယ်တွင် အောက်တိုဘာ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

ကလေးငယ် (၆၀) ကျော် ဝက်သက်ရောဂါဖြစ်ပွားခဲ့သည့် တာချီလိတ်မြို့နယ်တွင် အောက်တိုဘာ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်
အောက်တိုဘာ 24, 2019
By 🌸
ကလေးငယ် (၆၀) ကျော် ဝက်သက်ရောဂါဖြစ်ပွားခဲ့သည့် တာချီလိတ်မြို့နယ်တွင် အောက်တိုဘာ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကလေးငယ် (၆၀)ကျော် ဝက်သက်ရောဂါ ဖြစ်ပွားခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ပိုလီယိုဆေး တိုက်ကျွေးချိန်တွင် ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးကိုပါ ထိုးနှံပေးမည်ဟု သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ပန်စလိကျေးရွာအနီးတွင် နမ့်ဆန်ဘက်မှ ပြောင်းလာသူများ နေထိုင်ရာနေရာတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ကလေးငယ်ပေါင်း (၆၀)ခန့် ဝက်သက်ရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပန်စလိနားလေးက ရွာပေါ့။ ပလောင်တွေ နေကြတာ။ နမ့်ဆန်ဘက်က ပြောင်းလာတာ။ အားလုံးပေါင်း (၆၀) လောက်ပေါ့။ သူတို့ဆေးရုံလာတက်တယ်။ အယောက် (၂၀) လောက်ပေါ့။ လာတက်တော့ သူတို့ရွာစုံစမ်းပြီး ကွင်းဆင်းကြည့်တာပေါ့။ လာတက်တဲ့ကလေးတွေတင်မကဘူး အခြားကလေးတွေပါ ဖျားနေကြတာ။ ရှိတဲ့ကလေးတွေ အကုန်နီးပါးလောက် ကူးနေတာ။ ကျန်းမာရေးဌာနကသွားပြီး မဖျားတဲ့ကလေးတွေရော အကုန်လုံးကာကွယ်ဆေးထိုးပေးရတယ်။ ဝက်သက်ပျောက်ဆေးမရှိတော့ ဖျားပြီးချောင်းဆိုးတဲ့ကလေးတွေကို သူ့ရောဂါအလိုက် ကုပေးရတာပေါ့"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိုလီယိုကာကွယ်ဆေးကို အသက် (၅)နှစ်အောက် ကလေးများအား တိုက်ကျွေးခြင်းဖြစ်ပြီး ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးကို အသက် (၉) လအရွယ်မှ အသက်(၅) နှစ် (၆) လအရွယ်ထိ ကလေးငယ်များကို ထိုးနှံပေးမည်ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း အခြေချနေထိုင်သူများအပြင် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မိမိတို့၏ ကလေးငယ်များ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး မထိုးနှံရသေးပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်နိုင်မည်ဖြစ်သည့်အပြင် ရပ်ကွက်၊ ကျေးရွာများအလိုက် ကာကွယ်ဆေးထိုးနှံပေးသည့်နေ့များ လိုက်လံကြေညာပေးမည်ဖြစ်ရာ မိမိတို့နှင့် နီးစပ်ရာ ကာကွယ်ဆေးထိုးပေးသည့်နေရာ၌ သွားရောက်ထိုးနှံနိုင်ကြမည်ဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကေလးငယ္ (၆၀) ေက်ာ္ ဝက္သက္ေရာဂါျဖစ္ပြားခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေအာက္တိုဘာ (၂၅)
 ရက္ေန႔မွ (၂၉) ရက္ေန႔အထိ ဝက္သက္ႏွင့္ဂ်ိဳက္သိုးေရာဂါ ကာကြယ္ေဆးထိုးႏွံေပးမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕နယ္တြင္ ကေလးငယ္ (၆၀)ေက်ာ္ ဝက္သက္ေရာဂါ ျဖစ္ပြားခဲ့သည့္အတြက္ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာ (၂၅) ရက္ေန႔မွ (၂၉) ရက္ေန႔အထိ ပိုလီယိုေဆး တုိက္ေကၽြးခ်ိန္တြင္ ဝက္သက္ႏွင့္ ဂ်ိဳက္သိုးကာကြယ္ေဆးကိုပါ ထိုးႏွံေပးမည္ဟု သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ပန္စလိေက်းရြာအနီးတြင္ နမ့္ဆန္ဘက္မွ ေျပာင္းလာသူမ်ား ေနထုိင္ရာေနရာတြင္ ၂၀၁၉ ခုနွစ္၊ ေဖေဖာ္၀ါရီလအတြင္းက ကေလးငယ္ေပါင္း (၆၀)ခန္႔ ဝက္သက္ေရာဂါျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ပန္စလိနားေလးက ရြာေပါ့။ ပေလာင္ေတြ ေနၾကတာ။ နမ့္ဆန္ဘက္က ေျပာင္းလာတာ။ အားလံုးေပါင္း (၆၀) ေလာက္ေပါ့။ သူတို႔ေဆးရံုလာတက္တယ္။ အေယာက္ (၂၀) ေလာက္ေပါ့။ လာတက္ေတာ့ သူတို႔ရြာစံုစမ္းၿပီး ကြင္းဆင္းၾကည့္တာေပါ့။ လာတက္တဲ့ကေလးေတြတင္မကဘူး အျခားကေလးေတြပါ ဖ်ားေနၾကတာ။ ရိွတဲ့ကေလးေတြ အကုန္နီးပါးေလာက္ ကူးေနတာ။ က်န္းမာေရးဌာနကသြားၿပီး မဖ်ားတဲ့ကေလးေတြေရာ အကုန္လံုးကာကြယ္ေဆးထိုးေပးရတယ္။ ဝက္သက္ေပ်ာက္ေဆးမရိွေတာ့ ဖ်ားၿပီးေခ်ာင္းဆိုးတဲ့ကေလးေတြကို သူ႔ေရာဂါအလိုက္ ကုေပးရတာေပါ့"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပိုလီယိုကာကြယ္ေဆးကို အသက္ (၅)ႏွစ္ေအာက္ ကေလးမ်ားအား တုိက္ေကၽြးျခင္းျဖစ္ၿပီး ၀က္သက္ႏွင့္ ဂ်ိဳက္သိုးေရာဂါကာကြယ္ေဆးကို အသက္ (၉) လအရြယ္မွ အသက္(၅) ႏွစ္ (၆) လအရြယ္ထိ ကေလးငယ္မ်ားကို ထိုးႏွံေပးမည္ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အေျခခ်ေနထုိင္သူမ်ားအျပင္ ေရႊ႕ေျပာင္းေနထုိင္သူမ်ားအေနျဖင့္ မိမိတို႔၏ ကေလးငယ္မ်ား ပိုလီယိုကာကြယ္ေဆးႏွင့္ ဝက္သက္၊ ဂ်ိဳက္သိုးကာကြယ္ေဆး မထိုးနွံရေသးပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ ဆက္သြယ္ႏိုင္မည္ျဖစ္သည့္အျပင္ ရပ္ကြက္၊ ေက်းရြာမ်ားအလုိက္ ကာကြယ္ေဆးထိုးနွံေပးသည့္ေန႔မ်ား လုိက္လံေၾကညာေပးမည္ျဖစ္ရာ မိမိတုိ႔ႏွင့္ နီးစပ္ရာ ကာကြယ္ေဆးထိုးေပးသည့္ေနရာ၌ သြားေရာက္ထုိးႏွံႏုိင္ၾကမည္ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net