တာချီလိတ်မြို့နယ်တွင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်၍ ရွှေ့ပြောင်းနေထိုင်သူများ နီးစပ်ရာကျန်းမာရေးဌာနများ၌ လာရောက်တိုက်ကျွေးနိုင်မည်

တာချီလိတ်မြို့နယ်တွင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်၍ ရွှေ့ပြောင်းနေထိုင်သူများ နီးစပ်ရာကျန်းမာရေးဌာနများ၌ လာရောက်တိုက်ကျွေးနိုင်မည်
အောက်တိုဘာ 23, 2019
By 🌸
တာချီလိတ်မြို့နယ်တွင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်၍  ရွှေ့ပြောင်းနေထိုင်သူများ နီးစပ်ရာကျန်းမာရေးဌာနများ၌ လာရောက်တိုက်ကျွေးနိုင်မည်

နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်၍  ရွှေ့ပြောင်းအခြေချနေထိုင်သူများ နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်ကြရန် ခရိုင်ဆေးရုံအုပ်ကြီးက တိုက်တွန်းလိုက်သည်။

"မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မွေးစကနေ (၅) နှစ်အောက်ကလေးငယ်တွေ ပိုလီယို အပိုဆောင်းတိုက်ကျွေးမှာ။ ရွှေ့ပြောင်းလာတဲ့ ကလေးတွေကလည်း မြန်မာနိုင်ငံသားဆိုတော့ တိုက်ကျွေးရမှာပေါ့။ သူတို့တွေက ရွှေ့ပြောင်းသွားလာနေတော့ လွတ်နေတာပေါ့။ ရွှေ့ပြောင်းလုပ်သားတွေက နီးစပ်ရာကျန်းမာရေးဌာနတွေမှာ ချိတ်ဆက်ပြီးတော့မှ ထိုးသွားဖို့ ပိုအရေးကြီးတယ်။ ဟိုသွားလိုက်၊ ဒီသွားလိုက်နဲ့ ကာကွယ်ဆေးထိုးတဲ့အချိန်နဲ့ မတိုးလို့ မထိုးဖြစ်လိုက်နဲ့ လွတ်နေတာပေါ့။ ကာကွယ်ဆေးထိုးတဲ့အချိန်မှာ နီးစပ်ရာ ကျန်းမာရေးဌာနမှာထိုးမှ ပိုလီယိုကာကွယ်တာ။ ဝက်သက်ကာကွယ်တာ။ မွေးရာပါ ဂျိုက်သိုးရောဂါ ကာကွယ်တာဖြစ်မှာပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်ဖျားသည့်နေရာများနှင့် နယ်မြေလုံခြုံမှုမရှိသည့် ဒေသများတွင် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု အားနည်းချက်များရှိနေသဖြင့် မြို့နယ် (၉၆) မြို့နယ်မှ ကလေးငယ် (၁.၂) သန်းခန့်ကို ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း ဒုတိယအကြိမ်ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအလိုက် ကာကွယ်ဆေးတိုက်ကျွေးမည့် နေ့ရက်နှင့် နေရာများကို  မော်တော်ယာဉ်များဖြင့် လိုက်လံဆော်သြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွေးကင်းစမှ အသက် (၅) နှစ်အောက်ကလေးငယ်များကို ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမှုကို တာချီလိတ်မြို့တွင်း နေရာပေါင်း (၂၁) ခု၊ မယ်ယန်းကျေးရွာတွင် နေရာပေါင်း (၁၈) ခု၊မိုင်းကိုးကျေးရွာတွင် နေရာပေါင်း (၃၅) ခု၊ မိုင်းဖုန်းကျေးရွာတွင် နေရာပေါင်း (၂၉) ခု၊ မိုင်းဟဲကျေးရွာတွင် နေရာပေါင်း (၁၈) ခု၊ စန်းလုကျေးရွာတွင် နေရာပေါင်း (၂၉) ခု၊ တာလေမြို့တွင် နေရာ (၂၄) ခု၊ မိုင်းလင်းကျေးရွာတွင် နရာ (၁၆) ခု၊ကျိုင်းလပ်မြို့တွင် နေရာ (၈) ခုတို့တွင် အဖွဲ့များခွဲ၍ ကာကွယ်ဆေး တိုက်ကျွေးပေးသွားမည်ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် ပိုလီယိုကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေးရေးအတွက် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ၿမိဳ႕နယ္တြင္း ပိုလီယိုကာကြယ္ေဆးတုိက္ေကၽြးမည္ျဖစ္၍  ေရႊ႕ေျပာင္းေနထုိင္သူမ်ား နီးစပ္ရာက်န္းမာေရးဌာနမ်ား၌ လာေရာက္တိုက္ေကၽြးႏုိင္မည္

နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕နယ္အတြင္း ပိုလီယိုကာကြယ္ေဆး အပိုေဆာင္း တိုက္ေကၽြးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅) ရက္ေန႔မွ (၂၉) ရက္ေန႔အထိ ျပဳလုပ္မည္ျဖစ္၍  ေရႊ႕ေျပာင္းအေျခခ်ေနထုိင္သူမ်ား နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ ဆက္သြယ္ၾကရန္ ခရိုင္ေဆးရံုအုပ္ႀကီးက တုိက္တြန္းလိုက္သည္။

"ျမန္မာႏိုင္ငံ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေမြးစကေန (၅) ႏွစ္ေအာက္ကေလးငယ္ေတြ ပိုလီယို အပိုေဆာင္းတိုက္ေကၽြးမွာ။ ေရႊ႕ေျပာင္းလာတဲ့ ကေလးေတြကလည္း ျမန္မာႏိုင္ငံသားဆိုေတာ့ တိုက္ေကၽြးရမွာေပါ့။ သူတို႔ေတြက ေရႊ႕ေျပာင္းသြားလာေနေတာ့ လြတ္ေနတာေပါ့။ ေရႊ႕ေျပာင္းလုပ္သားေတြက နီးစပ္ရာက်န္းမာေရးဌာနေတြမွာ ခ်ိတ္ဆက္ၿပီးေတာ့မွ ထိုးသြားဖို႔ ပိုအေရးႀကီးတယ္။ ဟိုသြားလိုက္၊ ဒီသြားလုိက္နဲ႔ ကာကြယ္ေဆးထိုးတဲ့အခ်ိန္နဲ႔ မတိုးလို႔ မထိုးျဖစ္လိုက္နဲ႔ လြတ္ေနတာေပါ့။ ကာကြယ္ေဆးထိုးတဲ့အခ်ိန္မွာ နီးစပ္ရာ က်န္းမာေရးဌာနမွာထိုးမွ ပိုလီယိုကာကြယ္တာ။ ဝက္သက္ကာကြယ္တာ။ ေမြးရာပါ ဂ်ိဳက္သိုးေရာဂါ ကာကြယ္တာျဖစ္မွာပါ"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံအတြင္း ေဝးလံေခါင္ဖ်ားသည့္ေနရာမ်ားနွင့္ နယ္ေျမလံုၿခံဳမႈမရိွသည့္ ေဒသမ်ားတြင္ ကာကြယ္ေဆးလႊမ္းၿခံဳႏိုင္မႈ အားနည္းခ်က္မ်ားရိွေနသျဖင့္ ၿမို႕နယ္ (၉၆) ၿမို႕နယ္မွ ကေလးငယ္ (၁.၂) သန္းခန္႔ကို ပိုလီယိုကာကြယ္ေဆး အပိုေဆာင္းတုိက္ေကၽြးျခင္း ဒုတိယအႀကိမ္ကို ေဆာင္ရြက္ေနျခင္းျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ရပ္ကြက္ေက်းရြာအလိုက္ ကာကြယ္ေဆးတိုက္ေကၽြးမည့္ ေန႔ရက္ႏွင့္ ေနရာမ်ားကို  ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လိုက္လံေဆာ္ၾသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမြးကင္းစမွ အသက္ (၅) ႏွစ္ေအာက္ကေလးငယ္မ်ားကို ဒုတိယအႀကိမ္ ပိုလီယိုကာကြယ္ေဆး အပိုေဆာင္းတိုက္ေကၽြးမႈကို တာခ်ီလိတ္ၿမို႕တြင္း ေနရာေပါင္း (၂၁) ခု၊ မယ္ယန္းေက်းရြာတြင္ ေနရာေပါင္း (၁၈) ခု၊မိုင္းကိုးေက်းရြာတြင္ ေနရာေပါင္း (၃၅) ခု၊ မိုင္းဖုန္းေက်းရြာတြင္ ေနရာေပါင္း (၂၉) ခု၊ မိုင္းဟဲေက်းရြာတြင္ ေနရာေပါင္း (၁၈) ခု၊ စန္းလုေက်းရြာတြင္ ေနရာေပါင္း (၂၉) ခု၊ တာေလၿမို႕တြင္ ေနရာ (၂၄) ခု၊ မိုင္းလင္းေက်းရြာတြင္ နရာ (၁၆) ခု၊က်ိဳင္းလပ္ၿမို႕တြင္ ေနရာ (၈) ခုတုိ႔တြင္ အဖြဲ႕မ်ားခြဲ၍ ကာကြယ္ေဆး တုိက္ေကၽြးေပးသြားမည္ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ပိုလီယိုကာကြယ္ေဆးအပိုေဆာင္းတုိက္ေကၽြးေရးအတြက္ ေအာက္တိုဘာလ (၂၃)ရက္ေန႔တြင္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း အစည္းအေဝးခန္းမတြင္ က်င္းပရာ ခရိုင္ျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ သက္ဆုိင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ား တက္ေရာက္ၾကသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net