တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းမိမှုနှင့် ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုပါ စစ်တပ်က ဖမ်းဆီး စစ်ဆေးနေ၍ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးက လာရောက်ပြီး ခေတ္တ တာဝန်ရယူ

တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းမိမှုနှင့် ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုပါ စစ်တပ်က ဖမ်းဆီး စစ်ဆေးနေ၍ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးက လာရောက်ပြီး ခေတ္တ တာဝန်ရယူ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက ရဲဝန်ထမ်းဟောင်း အပါအဝင် အမျိုးသား(၁၀)ဦးထံကနေ စိတ်ကြွဆေးပြား (၁၂)သန်းကျော်နှင့် လက်နက်အချို့ အမှတ်မထင် ဖမ်းမိမှုနှင့်ဆက်စပ်ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးကိုပါ စစ်ကောင်စီတပ်က ခေါ်ဆောင်စစ်ဆေးထား၍ ၎င်း၏ နေရာတွင် မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးက လာရောက်ပြီး တာဝန်များကို ယာယီရယူထမ်းဆောင်ထားရကြောင်း သိရသည်။

"စစ်နေတုန်းဆိုတော့ ခဏလာထိုင်ပေးတာ၊၊ အတည်တော့ မဖြစ်သေးဘူး။ မနေ့ကမှ ရောက်တာ"ဟု မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး တာချီလိတ်သို့ လာရခြင်းနှင့် ပတ်သက်၍ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်တပ်က လက်ရှိ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင် ကို ခေါ်ဆောင်ထားပြီး စစ်ကြောရေးပြုလုပ်နေသည့်အတွက် မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး ဇော်လင်းအောင်သည် ၂၀၂၂ခုနှစ် ဧပြီလ(၂၇)ရက်နေ့က တာချီလိတ်သို့ ရောက်ရှိလာပြီး ယာယီတာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။



တာချီလိတ်မြို့တွင် မူးယစ်းဆေးဝါးများ ဖမ်းဆီးရရှိမှု နှင့် ပတ်သက်၍ ယခင်က ရဲတပ်ဖွဲ့ကသာ စစ်ဆေးမှုများကို ပြုလုပ်ရာမှ ယခုအခါတွင် စစ်တပ်က စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် တော်တော်များများကို လိုင်းကြေးရယူမှုဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ကြောရေး ပြုလုပ်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် စိတ်ကြွဆေး (၁၂)သန်းကျော် ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး တာချီလိတ်ရဲတပ်ဖွဲ့ အားလုံးနီးပါးကို စစ်တပ်က ဖမ်းဆီး ခေါ်ယူ စစ်ဆေးနေ