တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် သေဆုံးသူ (၁၀)ဦးမြောက်အဖြစ် အမျိုးသမီး တစ်ဦး ထပ်မံသေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် သေဆုံးသူ (၁၀)ဦးမြောက်အဖြစ် အမျိုးသမီး တစ်ဦး ထပ်မံသေဆုံး
သြဂုတ် 2, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် (၁၀)ဦးမြောက်အဖြစ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ(၂)ရက်နေ့အကူး (၀၀း၄၀)နာရီအချိန်က သေဆုံးသွားသူမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း နေထိုင်သူ အသက်(၆၂)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ရောဂါအခံရှိ၍ ဆေးရုံကြီးရှိ  isolation ward တွင် ထားရှိကုသစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ညတွင်းချင်း ပုံလို့သုဿန်သို့ သယ်ယူပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးလိုက်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ သေဆုံးသူများအဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က စတင်ကာ ဩဂုတ်လ(၂)ရက်နေ့အထိ အမျိုးသား(၇)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၀)ဦးအထိ ရှိလာရာတွင် ဘုန်းကြီးတစ်ပါး ပါဝင်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလ၏ ဩဂုတ်လ(၁)ရက်နေ့အထိ (၃၅)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ တရားဝင်စာရင်းအရ (၁,၃၈၂)ဦး အထိရှိနေပြီး သေဆုံးသူမှာ (၁၀)ဦးအထိရှိနေကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၇၀၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။