ကျိုင်းတုံမြို့အနီး အင်အား ၅.၉ အဆင့် ငလျင်လှုပ်ခတ်သွား

ကျိုင်းတုံမြို့အနီး အင်အား ၅.၉ အဆင့် ငလျင်လှုပ်ခတ်သွား
နိုဝင်ဘာ 17, 2023 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ် ကျိုင်းတုံမြို့အနီး ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်(၈)နာရီကျော်က ပြင်းအားရစ်(ခ်)တာစကေး (၅.၉)အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။

ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၅၀)ဒီဂရီ၊ အနက် (၂၅) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု မသေးစိတ်အချက်အလက်ကို မသိရသေးပါ။

အဆိုပါ ငလျင်သည် ကျိုင်းတုံမြို့အပါဝင် မြန်မာ၊ ထိုင်း၊ လာအို၊တရုတ်နှင့် ဗီယက်နမ်နိုင်ငံများတွင် လှုပ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency