တာခ်ီလိတ္ၿမိဳ႕တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ဆက္သြယ္ေရး၀န္ထမ္းမ်ား ႏွင့္ ေစတနာရွင္မ်ား ပူးေပါင္းကာ ေသြးလွူဒါန္း

တာခ်ီလိတ္ၿမိဳ႕တြင္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ဆက္သြယ္ေရး၀န္ထမ္းမ်ား ႏွင့္ ေစတနာရွင္မ်ား ပူးေပါင္းကာ ေသြးလွူဒါန္း
ဇူလိုင် 18, 2019
By Tachileik News Agency

(၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT)မွ ၀န္ထမ္းမ်ားႏွင့္ ေစတနာရွင္မ်ားက တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ စုေပါင္းေသြးလွဴဒါန္းပြဲကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၈)ရက္ေန႔ နံနက္က ျပဳလုပ္ရာ (၁၅)ဦးမွ ေသြးလွဴဒါန္းခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း(MPT)မွ (၈)ႀကိမ္ေျမာက္ ႏွလံုးသားထဲက ျမန္မာႏိုင္ငံတစ္၀န္းစုေပါင္းေသြးလွဴဒါန္းျခင္းအျဖစ္ ျပဳလုပ္ရာ  ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံအင္ဂ်င္နီယာ ေဒၚသန္းသန္းေဌး အပါအ၀င္ ၀န္ထမ္း(၉)ဦး ႏွင့္ အတူတကြ ပူးေပါင္းလွဴဒါန္းသည့္ ျပင္ပအလွဴရွင္ (၆)ဦး စုစုေပါင္း (၁၅)ဦး ရွိေၾကာင္း သိရသည္။

"အထိမ္းအမွတ္ေန႔ေတြ မဟုတ္လည္း MPT ဝန္ထမ္းေတြက (၄)လတစ္ႀကိမ္ ပံုမွန္လွဴတယ္၊ အဲ့လို (၄)လတစ္ႀကိမ္ ပံုမွန္လွဴတဲ့အခါမွာလည္း MPT ဝန္ထမ္းေတြနဲ႔အတူ အျပင္က ေစတနာရွင္ေတြလည္း အတူပါဝင္ လွဴဒါန္းလို႔ ရပါတယ္၊ ဒီေန႔မွာဆိုရင္ ဒီတာခ်ီလိတ္ေရာ၊ ရွမ္းအေရွ႕မွာဆို က်ိဳင္းတံုလည္း လွဴတယ္။ ျမန္မာတျပည္လံုး MPT က လွဴတယ္။"ဟု ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံအင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ ၀န္ထမ္းမ်ားႏွင့္ ေစတနာရွင္မ်ား စုေပါင္းကာ ေသြးလွူဒါန္းမႈမ်ား ျပဳလုပ္ရာတြင္ ယေန႔ ဇူလိုင္လ(၁၈)ရက္ေန႔တြင္ လွဴဒါန္းသည့္ အႀကိမ္အပါအ၀င္ (၈)ႀကိမ္ရွိၿပီျဖစ္ၿပီး ဆက္လက္၍လည္း ၀န္ထမ္းမ်ားႏွင့္ ျပင္ပအလွဴရွင္မ်ားႏွင့္အတူ ေသြးလွဴဒါန္းမႈမ်ား ျပဳလုပ္သြားရန္ ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ဝန်ထမ်းများနှင့် စေတနာရှင်များက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်က ပြုလုပ်ရာ (၁၅)ဦးမှ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ (၈)ကြိမ်မြောက် နှလုံးသားထဲက မြန်မာနိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းခြင်းအဖြစ် ပြုလုပ်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းဌေး အပါအဝင် ဝန်ထမ်း(၉)ဦး နှင့် အတူတကွ ပူးပေါင်းလှူဒါန်းသည့် ပြင်ပအလှူရှင် (၆)ဦး စုစုပေါင်း (၁၅)ဦး ရှိကြောင်း သိရသည်။

"အထိမ်းအမှတ်နေ့တွေ မဟုတ်လည်း MPT ဝန်ထမ်းတွေက (၄)လတစ်ကြိမ် ပုံမှန်လှူတယ်၊ အဲ့လို (၄)လတစ်ကြိမ် ပုံမှန်လှူတဲ့အခါမှာလည်း MPT ဝန်ထမ်းတွေနဲ့အတူ အပြင်က စေတနာရှင်တွေလည်း အတူပါဝင် လှူဒါန်းလို့ ရပါတယ်၊ ဒီနေ့မှာဆိုရင် ဒီတာချီလိတ်ရော၊ ရှမ်းအရှေ့မှာဆို ကျိုင်းတုံလည်း လှူတယ်။ မြန်မာတပြည်လုံး MPT က လှူတယ်။"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် စေတနာရှင်များ စုပေါင်းကာ သွေးလှူဒါန်းမှုများ ပြုလုပ်ရာတွင် ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့တွင် လှူဒါန်းသည့် အကြိမ်အပါအဝင် (၈)ကြိမ်ရှိပြီဖြစ်ပြီး ဆက်လက်၍လည်း ဝန်ထမ်းများနှင့် ပြင်ပအလှူရှင်များနှင့်အတူ သွေးလှူဒါန်းမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net