တာချီလိတ်မြို့၏ ပထမဆုံး မီးမျှောပွဲအတွက် ရွှေဝါနဒီပန်းခြံတွင် ပြင်ဆင်နေ

တာချီလိတ်မြို့၏ ပထမဆုံး မီးမျှောပွဲအတွက် ရွှေဝါနဒီပန်းခြံတွင် ပြင်ဆင်နေ
နိုဝင်ဘာ 11, 2019
By Tachileik News Agency

တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား ထိပ်ရှိ ရွှေဝါနဒီပန်းခြံတွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေ(၅)နာရီက စ၍ ညမီးမျှောပွဲ ကျင်းပပြုလုပ်ရန်အတွက် ပြင်ဆင်နေလျက်ရှိသည်။

မီးမျှောပွဲ၏ ဖွင့်ပွဲအား ယနေ့ညနေ (၇) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး မီးမျှောပွဲသို့ လာရောက်သူများအား သီဆိုဖျော်ဖြေမှုများ၊ လူငယ်များ၏ BBoy အကများဖြင့် ဖျော်ဖြေရန် စီစဉ်ထားရှိပြီး ရွှေဝါနဒီပန်းခြံရှေ့တွင် မီးမျှောရန်အတွက် လွယ်ကထုံး မီးကြာခွက်များကို ရောင်းချပေးထားသည်ကိုလည်း တွေ့ရသည်။

မီးမျှောပွဲသို့ လာမည့် အများပြည်သူများအနဖြေင့် ယာဉ်လမ်းရှုပ်ထွေးမှုမဖြစ်စေရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့ ည(၅)နာရီကစ၍ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂) အဝင်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်၍ ကား/ဆိုင်ကယ်များကို အခြားနေရာများတွင် ရပ်တန့်ထားရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

  #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net