စစ်တွေမှလာသည့် ခရီးသည်များ ကျိုင်းတုံလေဆိပ်တွင် Health Declaration Form ဖြည့်ရမည်

စစ်တွေမှလာသည့် ခရီးသည်များ ကျိုင်းတုံလေဆိပ်တွင် Health Declaration Form ဖြည့်ရမည်
သြဂုတ် 19, 2020
By 🌸
စစ်တွေမှလာသည့် ခရီးသည်များ ကျိုင်းတုံလေဆိပ်တွင် Health Declaration Form ဖြည့်ရမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့  ရခိုင်ပြည်နယ် စစ်တွေမြို့မှလာသည့်  လေယာဉ်ခရီးစဉ်များမှ ခရီးသွားများအနေဖြင့် ကျိုင်းတုံလေဆိပ်တွင် ကျန်းမာရေးကြေညာချက်ပုံစံ (Health Declaration Form) ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့မှစ၍ ဖြည့်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးမှာ ပြည်ပနိုင်ငံများသို့ သွားလာခြင်းမရှိ၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်းမရှိဘဲ COVID 19 ကူးစက်ခံထားကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့က တွေ့ရပြီးနောက် ယင်းကဲ့သို့  ဆောင်ရွက်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့က လေဆိပ်တွေမှာ (၇)လပိုင်းကတည်းက Health Declaration Form တွေ မဖြည့်ကြတော့ဘူး။ ဒီတော့ ဘယ်သွားမယ်၊  ဘယ်လာမယ်ဆိုတဲ့ အချက်အလက်တွေ  မဖြည့်တော့ဘူးဖြစ်နေတယ်။ အခုက ဒီနေ့ကစပြီး  ကျိုင်းတုံပြည်သူ့ကျန်းမာက လေဆိပ်ကျတဲ့  ဝန်ထမ်းတွေကိုတော့ ညွှန်ကြားထားတယ်။ စစ်တွေ - ကျိုင်းတုံခရီးစဉ်ကိုတော့ information ပြန်ယူမယ်ပေါ့ ။ ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ်၊ ဘယ်မှာတည်းမယ်၊ ဘယ်နှစ်ရက်နေမယ်ဆိုတာ information ပြန်ယူမှာပါ”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှ လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉ )ရက်နေ့က စတင်လိုက်ခြင်းဖြစ်ပြီး စစ်တွေမြို့တွင် ပြည်ပခရီးမရှိ၊ အတည်ပြုလူနာနှင်ထိတွေ့ခြင်းမရှိသူတစ်ဦးကို COVID 19 အတည်ပြုလူနာအဖြစ် တွေ့ရသည့် သြဂုတ်လ (၁၆)ရက်နေ့၌ စစ်တွေလေဆိပ်မှ လူဦးရေ (၄၀)ကျော် လိုက်လာပါခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သြဂုတ်လ (၁၉)ရက်နေ့ကလည်း ပြည်ပနိုင်ငံများသို့ သွားလာခြင်းမရှိ၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်းမရှိဘဲ COVID 19 ကူးစက်ခံရသူ (၃)ဦးကို ထပ်မံတွေ့ရှိထားခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~