တိမ်ကောစဖြစ်နေသည့် မယ်ဆိုင်ချောင်းအရေး မြန်မာ - ထိုင်း နှစ်ဖက် ညှိနှိုင်းထား

တိမ်ကောစဖြစ်နေသည့် မယ်ဆိုင်ချောင်းအရေး မြန်မာ - ထိုင်း နှစ်ဖက် ညှိနှိုင်းထား
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
တိမ်ကောစဖြစ်နေသည့် မယ်ဆိုင်ချောင်းအရေး မြန်မာ - ထိုင်း နှစ်ဖက် ညှိနှိုင်းထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်နဲ့ မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းမှာ ထိုင်းနိုင်ငံဘက်က ရေမြောင်းသွယ်ယူနေတာကြောင့် တာချီလိတ်ဘက်ခြမ်းကို ရေစီးရေလာကောင်းမွန်စေဖို့ နှုန်းတူးဖော်မှုတွေဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ မနက်ပိုင်းက ရွှေနန်းတော်ကုန်တိုက်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ယခင်နှစ်တွေအတိုင်း ချောင်းတူးဖော်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မယ်ဆိုင်ဘက်က ကတိပေးသွားတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

တူးဖော်မှုတွေကို (၃) ရက်လောက်သာ ခန့်မှန်းထားပေမယ့် မြေပြင်အနေအထားအရ (၅) ရက်လောက်တူးဖော်မှုတွေ လုပ်ဆောင်ရမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။     

မယ်ဆိုင်ချောင်းရေရယူမှုကို ထိုင်းနိုင်ငံဘက်က မြန်မာဘက်ကို အကြောင်းမကြားဘဲ ရေသွယ်မြောင်း (၄) ခုနဲ့ စိုက်ပျိုးရေများ ရယူသုံးစွဲနေမှုကြောင့် မြန်မာဘက်ခြမ်းမှာ ရေနည်းပါးလာပြီး ချောင်းကောလာတဲ့အခြေအနေအထိ ဖြစ်ပေါ်လာလို့ စက်ယန္တရားနဲ့ တူးဖော်မှုတွေကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့က စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~