ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
နိုဝင်ဘာ 6, 2019
By 🌸

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် လာရောက်လွှဲပြောင်းပေးသည်။

မြန်မာနိုင်ငံသား အမျိုးသား (၁၉)ဦးနှင့် အမျိုးသမီး (၄)ဦးမှာ ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများဖြစ်ကြောင်းသိရပြီး ပြစ်ဒဏ်စေ့၍ မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလာခြင်းဖြစ်ကာ နိုဝင်ဘာလ (၅)ရက်နေ့ကလည်း မြန်မာအမျိုးသားတစ်ဦးကို လွှဲပြောင်းပေးထားခြင်းဖြစ်သည်။

မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်မှုစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့ပါက နယ်စပ်မြို့များဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဘက်သို့ ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ-ဟန်စိုးထိုက်၊ကျော်ဇင်ဟိန်း

ဆက်စပ်သတင်းများ
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇)ဦးကို ထိုင်းတာဝန်ရှိသူများက တာချီလိတ်သို့ လွှဲပြောင်း
ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၃၇)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net