တာချီလိတ်မြို့တွင် ဖြစ်ပွားနေသည့် Covid-19 အခြေအနေကြောင့် တာချီလိတ်မြို့ရှိ နေအိမ်အခန်းငှားနှင့်ဆိုင်ခန်းငှား ပိုင်ရှင်များ ဖေဖော်ဝါရီလအထိ ငှားရမ်းခများ လျှော့ချပေးရန် မေတ္တာရပ်ခံ

တာချီလိတ်မြို့တွင် ဖြစ်ပွားနေသည့် Covid-19 အခြေအနေကြောင့် တာချီလိတ်မြို့ရှိ နေအိမ်အခန်းငှားနှင့်ဆိုင်ခန်းငှား ပိုင်ရှင်များ ဖေဖော်ဝါရီလအထိ ငှားရမ်းခများ လျှော့ချပေးရန် မေတ္တာရပ်ခံ
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဖြစ်ပွားနေသည့် Covid-19 အခြေအနေကြောင့် တာချီလိတ်မြို့ရှိ နေအိမ်အခန်းငှားနှင့်ဆိုင်ခန်းငှား ပိုင်ရှင်များ ဖေဖော်ဝါရီလအထိ ငှားရမ်းခများ လျှော့ချပေးရန် မေတ္တာရပ်ခံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်းရှိ နေအိမ်၊ တိုက်ခန်းပိုင်ရှင်များအနေဖြင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ (၃) လတာကာလအတွင်း ငှားရမ်းခများလျော့ချပေးရန်အတွက် တာချီလိတ်မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဒီဇင်ဘာလ (၂)ရက်နေ့၌ မေတ္တာရပ်ခံလိုက်သည်။
“တစ်ဦးချင်းစီကို ဖုန်းဆက်ပြီး ပြောခိုင်းထားပါတယ်။ ရောဂါပိုးကူးမှာ စိုးတဲ့အတွက်။ အခန်းငှားအဆောက်အဦးက ဆန်ဆိုင်း(ခ) တစ်ရပ်ကွက်ထဲကို (၂၀၀) ကျော်ရှိတယ်။ တစ်မြို့လုံးဆိုရင် (၄၀၀) ကျော်လောက်ရှိမယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ကမ္ဘာ့ကပ်ဆိုးရောဂါကြီးဖြစ်သည့် Coronavirus Disease 2019(COVID-19) ရောဂါ စတင်ဖြစ်ပွားချိန်က အခန်းငှားရမ်းနေထိုင်သူမိသားစုများ ဝင်ငွေနည်းပါးလာသဖြင့် တာချီလိတ်မြို့ရှိ အိမ်ခန်းငှားပိုင်ရှင်များက မိမိတို့တတ်နိုင်သလောက် အိမ်ခန်းငှားရမ်းခများ လျော့ချပေးခဲ့ပြီး လက်ရှိတာချီလိတ်မြို့တွင်း ပြန်လည်ဖြစ်ပွားလာနေသည့် COVID-19 ရောဂါကြောင့် အိမ်ခန်းငှားပိုင်ရှင်များအနေဖြင့် (၃) လစာကို လစာ၏ထက်ဝက် (သို့မဟုတ်) တတ်နိုင်သမျှလျှော့ပေါ့ပေးခြင်းဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~