ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
နိုဝင်ဘာ 1, 2019
By 🌸
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

**********

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့  နေ့လယ် (၁)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံတွင်းဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၉)ဦးကို ထိုင်းတာဝန်ရှိသူများက လွှဲပြောင်းပေးလာသည်။
မြန်မာလုပ်သား အမျိုးသား (၉)ဦးသည် ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရပြီးနောက် ပြစ်ဒဏ်စေ့ပြီဖြစ်၍ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် လာရောက်လွှဲပြောင်းပေးလာခြင်း ဖြစ်ကြောင်းသည်။
မယ်ဆိုင်ဘက်မှ လဝကအရာရှိ Somsak Singkham ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ မြန်မာ ဒုလဝကမှူး ထွန်းမြင့်ဦးစီးအဖွဲ့၊ မြို့နယ်ထွေအုပ်အဖွဲ့၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်မှုစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့ပါက နယ်စပ်မြို့များဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဘက်သို့ ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာနုိင္ငံသား (၉)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
**********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုနွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔  ေန႔လယ္ (၁)နာရီခြဲအခ်ိန္၌ ထုိင္းနုိင္ငံတြင္းဖမ္းဆီးခံရၿပီး ျပစ္ဒဏ္ေစ့သည့္ ျမန္မာႏုိင္ငံသား (၉)ဦးကို ထုိင္းတာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးလာသည္။
ျမန္မာလုပ္သား အမ်ိဳးသား (၉)ဦးသည္ ထုိင္းႏိုင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပစ္ဒဏ္က်ခံေနရၿပီးေနာက္ ျပစ္ဒဏ္ေစ့ၿပီျဖစ္၍ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) တြင္ လာေရာက္လႊဲေျပာင္းေပးလာျခင္း ျဖစ္ေၾကာင္းသည္။
မယ္ဆိုင္ဘက္မွ လဝကအရာရိွ Somsak Singkham ဦးစီးသည့္အဖြဲ႕က လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာ ဒုလဝကမွဴး ထြန္းျမင့္ဦးစီးအဖြဲ႕၊ ၿမိဳ႕နယ္ေထြအုပ္အဖြဲ႕၊ လူကုန္တားအဖြဲ႕ႏွင့္ CNCMC အဖြဲ႕တုိ႔က ျပန္လည္လက္ခံခဲ့ျခင္း ျဖစ္သည္။
ထုိင္းႏိုင္ငံတြင္း အေထာက္အထားမပါဘဲ ဝင္ေရာက္မႈ၊ သတ္မွတ္နယ္ေျမေက်ာ္လြန္သြားလာမႈ၊ ေနထုိင္ခြင့္သက္တမ္း ေက်ာ္လြန္မႈစသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ား ျပစ္ဒဏ္ေစ့ပါက နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ျမဝတီႏွင့္ တာခ်ီလိတ္ဘက္သို႔ ထုိင္းဘက္က ျပန္လည္လႊဲေျပာင္းေပးေလ့ရိွျခင္းျဖစ္သည္။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net