ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၃၇)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၃၇)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
အောက်တိုဘာ 24, 2019
By 🌸
ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၃၇)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၃၇)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ နေ့လယ် (၁) နာရီတွင် ထိုင်းတာဝန်ရှိသူများမှ လွှဲပြောင်းပေးလာသည်။

မြန်မာနိုင်ငံသား အမျိုးသား (၂၀)ဦးနှင့် အမျိုးသမီး (၁၇) ဦးပါဝင်သည့်အဖွဲ့ကို ထိုင်းတာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် လာရောက်လွှဲပြောင်းပေးလာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ လဝကအရာရှိ Channarong Phumipol ဦးစီးသည့်အဖွဲ့က လာရောက် လွှဲပြောင်းပေးရာ မြန်မာဘက်မှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့်သက်တမ်းကျော်လွန်မှုစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့ပါက နယ်စပ်မြို့များဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဘက်သို့ ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းႏိုင္ငံတြင္ ထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသား (၃၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းနုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ျမန္မာႏုိင္ငံသား (၃၇)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔ ေန႔လယ္ (၁) နာရီတြင္ ထုိင္းတာဝန္ရိွသူမ်ားမွ လႊဲေျပာင္းေပးလာသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား (၂၀)ဦးႏွင့္ အမ်ိဳးသမီး (၁၇) ဦးပါဝင္သည့္အဖြဲ႕ကို ထုိင္းတာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) တြင္ လာေရာက္လႊဲေျပာင္းေပးလာျခင္း ျဖစ္သည္။
ထုိင္းႏုိင္ငံ၊ မယ္ဆိုင္ဘက္မွ လဝကအရာရိွ Channarong Phumipol ဦးစီးသည့္အဖြဲ႕က လာေရာက္ လႊဲေျပာင္းေပးရာ ျမန္မာဘက္မွာ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန၊ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ႏွင့္ CNCMC အဖြဲ႕တုိ႔က စိစစ္လက္ခံၾကျခင္းျဖစ္သည္။

ထုိင္းႏိုင္ငံတြင္း အေထာက္အထားမပါဘဲ ဝင္ေရာက္မႈ၊ သတ္မွတ္နယ္ေျမေက်ာ္လြန္သြားလာမႈ၊ ေနထုိင္ခြင့္သက္တမ္းေက်ာ္လြန္မႈစသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ား ျပစ္ဒဏ္ေစ့ပါက နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ျမဝတီႏွင့္ တာခ်ီလိတ္ဘက္သို႔ ထုိင္းဘက္က ျပန္လည္လႊဲေျပာင္းေပးေလ့ရိွျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net