ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခချုပ်ကို  ပညာရေးဝန်ကြီးဌာနက အမည်ပျက်စာရင်း ထည့်သွင်း 

ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခချုပ်ကို  ပညာရေးဝန်ကြီးဌာနက အမည်ပျက်စာရင်း ထည့်သွင်း 

 CDM လှုပ်ရှားမှုပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်၊ အကြပ်ကိုင် ဖိအားပေးများ ပြုလုပ်နေသည့်  ပညာရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းအကြီးအကဲများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက အမည်ပျက်စာရင်းများ ကြေညာနေရာ မေလ(၂)ရက်နေ့တွင် ကြေညာသည့် စာရင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ အမည် ပါနေသည်ကို တွေ့ရသည်။

 

မေလ(၂)ရက်နေ့၏ ပညာရေးဝန်ထမ်း အမည်ပျက်စာရင်းတွင် ညွှန်ကြားမှူးချုပ်များနှင့် ပါမောက္ခချုပ်များအပြင် ကျောင်းအုပ်များအထိ (၂၅)ဦး၏ အမည်များကို ကြေညာထားခြင်း ဖြစ်သည်။