မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှု ရှိစေရေးအတွက် အဖွဲ့ (၈)ဖွဲ့ ခွဲကာ တစ်အိမ်တက်ဆင်း စနစ် စတင်

မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှု ရှိစေရေးအတွက် အဖွဲ့ (၈)ဖွဲ့ ခွဲကာ တစ်အိမ်တက်ဆင်း စနစ် စတင်
သြဂုတ် 19, 2020
By Tachileik News Agency

မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှု ရှိစေရေးအတွက် အဖွဲ့ (၈)ဖွဲ့ ခွဲကာ တစ်အိမ်တက်ဆင်း စနစ် စတင်

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်း မှန်ကန်မှု ရှိစေရေးနှင့် မဲဆန္ဒရှင်စာရင်း ကျန်ရှိမှုများ မရှိစေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အဖွဲ့ (၈)ဖွဲ့ခွဲကာ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ ပြင်ဆင်ဖြည့်စွက်ခြင်းကို ၂၀၂၀ ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက စ၍ ဆောင်ရွက်ကြသည်။
ပူးပေါင်းအဖွဲ့ဖြင့် အဖွဲ့ (၈)ဖွဲ့ခွဲကာ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိရေး၊ ဆန္ဒမဲစာရင်း အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့် လည်းကောင်း မဲစာရင်းတွင် အမည် မပါဝင်သူများ ပုံစံ(၃)ဖြင့် လည်းကောင်း လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက် မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေး အတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းယောင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပါဝင်သည့် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၈)ဖွဲ့တို့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း တစ်အိမ်တက်ဆင်း စနစ်ဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်သည်။
မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း(၆၈) ရုံရှိပြီး အသက် (၁၈)နှစ်ပြည့်ပြီးသူ မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ (၂၆,၅၈၆)ဦးရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~