တာခ်ီလိတ္ၿမို႕ကေလးစာေပပြဲေတာ္ တိုင္းရင္းသားရိုးရာပံုေျပာျပပြဲအတြက္ ေဒသတြင္းမွ တုိင္းရင္းသားမ်ားပါဝင္ၾကရန္ ဖိတ္ေခၚ

တာခ်ီလိတ္ၿမို႕ကေလးစာေပပြဲေတာ္ တိုင္းရင္းသားရိုးရာပံုေျပာျပပြဲအတြက္ ေဒသတြင္းမွ တုိင္းရင္းသားမ်ားပါဝင္ၾကရန္ ဖိတ္ေခၚ
ဇွန် 22, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမို႕တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္ (၂၅)ရက္ႏွင့္ (၂၆) ရက္ေန႔မ်ားတြင္က်င္းပမည့္ ကေလးစာေပပြဲေတာ္ တိုင္းရင္းသားပံုေျပာျပပြဲအတြက္ ရွမ္း၊ အာခါႏွင့္ လားဟူတိုင္းရင္းသားမ်ား စာရင္းေပးသြင္းထားၿပီျဖစ္ၿပီး က်န္တိုင္းရင္းသားမ်ားလည္း စာရင္းေပးသြင္းၾကရန္ ပြဲေတာ္က်င္းပေရးေကာ္မတီ(တာခ်ီလိတ္)က ဖိတ္ေခၚထားသည္။

"တိုင္းရင္းသားလူမ်ိဳးေတြျဖစ္တဲ့ ရွမ္း၊ လားဟူ၊ အာခါတိုင္းရင္းသားေတြ စာရင္းေပးၿပီးသားျဖစ္ပါတယ္။ တိုင္းရင္းသားေတြအေနနဲ႔ ပါဝင္ခ်င္တယ္ဆိုလို႔ရိွရင္ တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနကို ဆက္သြယ္လို႔ရပါတယ္"ဟု ျပန္ၾကားေရးနွင့္ျပည့္သူ႕ဆက္ဆံေရးဦးစီးဌာန က်ိဳင္းတံုတြဲဖက္ျပည္နယ္ဦးစီးမွဴး ေဒၚငုခ်ိဳခ်ိဳေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။     
 တာခ်ီလိတ္ၿမို႕ ကေလးစာေပပြဲေတာ္က်င္းပေရးအတြက္ ေကာ္မတီ၏အစည္းအေဝးကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၂)ရက္ေန႔က က်င္းပျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမို႕ ကေလးစာေပပြဲေတာ္တြင္ ကေလးစာဖတ္ခန္းမ်ားတြင္လည္း တိုင္းရင္းသားမ်ား၏ သက္ဆိုင္ရာဘာသာစကားအလိုက္ ပံုျပင္၊ ကဗ်ာမ်ား ဖတ္ျပျခင္းအစီအစဥ္ကို ထည့္သြင္းေပးထားျခင္းျဖစ္ၿပီး ဌာနဆိုင္ရာအသီးသီးမွျပခန္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းျပခန္းမ်ား၊ ေက်ာက္စာျပခန္းႏွင့္ ကာတြန္းျပခန္းမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမို႕ ကေလးစာေပပြဲေတာ္ကို ဇြန္လ (၂၅) ရက္ေန႔တြင္ဖြင့္လွစ္မည့္အခမ္းအနားသို႔ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးထင္ေက်ာ္၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး၊ တိုင္းရင္းသားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာႏုိင္သက္လြင္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆုိင္းႏွင့္ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္တို႔ တက္ေရာက္ၾကမည္ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ကလေးစာပေပွဲတော် တိုင်းရင်းသားရိုးရာပုံပြောပြပွဲအတွက် ဒေသတွင်းမှ တိုင်းရင်းသားများပါဝင်ကြရန် ဖိတ်ခေါ်
*********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန် (၂၅)ရက်နှင့် (၂၆) ရက်နေ့များတွင်ကျင်းပမည့် ကလေးစာပေပွဲတော် တိုင်းရင်းသားပုံပြောပြပွဲအတွက် ရှမ်း၊ အာခါနှင့် လားဟူတိုင်းရင်းသားများ စာရင်းပေးသွင်းထားပြီဖြစ်ပြီး ကျန်တိုင်းရင်းသားများလည်း စာရင်းပေးသွင်းကြရန် ပွဲတော်ကျင်းပရေးကော်မတီ(တာချီလိတ်)က ဖိတ်ခေါ်ထားသည်။

"တိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ ရှမ်း၊ လားဟူ၊ အာခါတိုင်းရင်းသားတွေ စာရင်းပေးပြီးသားဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ပါဝင်ချင်တယ်ဆိုလို့ရှိရင် တာချီလိတ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ဆက်သွယ်လို့ရပါတယ်"ဟု ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ကျိုင်းတုံတွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်ငုချိုချိုကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။    

 တာချီလိတ်မြို့ ကလေးစာပေပွဲတော်ကျင်းပရေးအတွက် ကော်မတီ၏အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့က ကျင်းပခြင်းဖြစ်သည်။

တာချီလိတ်မြို့ ကလေးစာပေပွဲတော်တွင် ကလေးစာဖတ်ခန်းများတွင်လည်း တိုင်းရင်းသားများ၏ သက်ဆိုင်ရာဘာသာစကားအလိုက် ပုံပြင်၊ ကဗျာများ ဖတ်ပြခြင်းအစီအစဉ်ကို ထည့်သွင်းပေးထားခြင်းဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးမှပြခန်းများ၊ ကိုယ်ပိုင်ကျောင်းပြခန်းများ၊ ကျောက်စာပြခန်းနှင့် ကာတွန်းပြခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ကလေးစာပေပွဲတော်ကို ဇွန်လ (၂၅) ရက်နေ့တွင်ဖွင့်လှစ်မည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာနိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့ တက်ရောက်ကြမည်ဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net