
ဇွန် 13, 2013 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာမှ လယ်သမားများသည် တောင်ပေါ်ရွှေတူးဖော်လုပ်ကွက်များမှ  စီးဆင်းလာသော ရေနှင့်သဲများ စိုက်ပျိုးလယ်မြေများသို့ ဝင်ရောက် အနည်ထိုင်မှုကြောင့် စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်းကို  နေပြည်တော်အထိ တိုင်စာပေးပို့ထားသည့် ကိစ္စနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီဝင်များမှလည်း အဆိုပါကျေးရွာသို့ ပူးပေါင်းလိုက်ပါလာပြီး နှစ်ဦ်းနှစ်ဖက် ပြေလည်စေရန် ညှိနှိုင်းပေးရန်အတွက်  ဇွန်လ(၁၂)ရက်နေ့က သွားရောက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ညှိနှိုင်းပေးရာမှာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အပါအဝင် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် တာချီလိတ်ခရိုင် ဥက္ကဌ ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်အဖွဲ့ဝင် ဦးစိုင်းဆိုင်တွီ၊ မြို့နယ် ဥက္ကဌ ဦးဌေးဝင်း၊ ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ မြို့နယ်အတွင်းရေးမှူး ဦးခင်မောင်တင့်၊ တွဲဖက်အတွင်းရေးမှူး ဦးဝင်းစွမ်၊ ရုံးအဖွဲ့မှူး ဦးဝင်းမောင် နှင့် တာလေမြို့နယ်ခွဲမှ အဖွဲ့ချုပ်အဖွဲ့ဝင်များပါဝင်ကြပြီး ကျေးရွာသူ/သား လယ်သမားတို့ အချိန်(၄) နာရီခန့်ကြာမြှင့်စွာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

တွေ့ဆံုံညှိနှိုင်းကြရာမှာ အောက်ပါ အချက်(၁၁)ချက်ကို ဆွေးနွေးခဲ့ကြသည်။

၁) တောင်သူလယ်သမားများမှ ကုမ္ပဏီ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ လာရောက်တင်ပြလာပါက ကုမ္ပဏီအနေဖြင့် ချက်ချင်းလိုက်ပါဆောင်ရွက်ပြီး ဖြေရှင်းပေးရန်။

၂) လယ်ဧကအား တိကျစွာ တိုင်းတာပေးရေး၊ မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးရန်နှင့် ရွာသူ/သားမျာမှ အချိန်နှင့်တပြေးညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်။

၃) နုန်းတားဆည်အား ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတည်ဆောက်ပေးရန်နှင့် လယ်များအတွင်းသို့ ရေသွင်းမြောင်းများအား ရေစီးဆင်းမှုမှန်ကန်စေရေးအတွက် ယခင်မူလပုံစံအတိုင်း တူးဖော်ပေးရန်။

၄) ၂၀၁၃ခုနှစ် စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးနိုင်ရေး၊ နုန်းမြေများအား လယ်မြေများအတွင်းမှ ဖယ်ရှားပေးရန်၊ အချိန်မမီသော လယ်မြေများအား နောက်နှစ်စိုက်ပျိုးရာသီအထိ ဆက်လက်ဖယ်ရှားပေးရန်။

၅) ယခုနှစ်အချိန်မီ၍ စိုက်ပျိုးသော လယ်မြေ၏ စပါးအထွက်နှုန်းနှင့်ပတ်သက်၍ ယခင်ထွက်နှုန်းနှင့် နှိုင်းယှဉ်ကာ ပေးလျှော်ရန်နှင့် လုံးဝမစိုက်ပျိုးနိုင်သည့် လယ်ယာမြေပြုပြင်မှု အချိန်မမီသော လယ်မြေများအတွက် အထွက်နှုန်းအတိုင်း ပေးလျှော်စေရေး၊ ကုမ္ပဏီမှ တာဝန်ယူရန်။
 ( သဘာဝဘေးဒဏ်ကြောင့် ပျက်စီးက ကုမ္ပဏီတွင် တာဝန်မရှိပါ)

၆) ရေချောင်းအတွင်း တပ်ဆင်ထားရှိသည့် ကျေးရွာအိမ်သုံး ရေအားလျှပ်စစ် ဒိုင်နိမိုများအား သုံးစွဲ၍ မရနိုင်တော့သဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဆိုလာပြားများအား နစ်နာသူများ၏ နေအိမ်၌ ကုမ္ပဏီမှ အစားထိုး တပ်ဆင်ပေးသွားရန်။

၇) သဘာဝဘေးဒဏ်ကြောင့် လယ်ယာမြေပျက်စီးဆုံးရှုံးပါက အစိုးရဌာနများနှင့် ကုမ္ပဏီများမှ လူမှုရေးရှုဒေါင့်မှ ကူညီဆောင်ရွက်ပေးသွားရန်။

၈) ကုန်းမြင့်လယ်ယာအား စိုက်ပျိုးနိုင်ရေးနှင့် ရေသွင်းယူနိုင်ရေးအတွက် ဆည်မြောင်းဦးစီးဌာန၏ အကြံဉာဏ်ရယူ၍ ကုမ္ပဏီမှ ပြုပြင်ပေးရန်။

၉) ကုမ္ပဏီမှ စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်ရေး တာဝန်ယူဆောင်ရွက်ပေးရန်။

၁၀) ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်နေစဉ် ကာလပတ်လုံး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ကဏ္ဍများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်။

၁၁) နောက်နှစ်များတွင်လည်း တောင်သူလယ်သမားများ၏ နစ်နာမှုနှင့် ပတ်သက်၍ လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ကုမ္ပဏီတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ကုမ္ပဏီရုတ်သိမ်းသွားသည့်နှစ်တွင်လည်း ရွာသူရွာသားများ၏ စိုက်ပျိုးမှု နစ်နာမှု မရှိစေရေးအတွက် ကုမ္ပဏီမှ လိုအပ်ချက်များအား ပြုပြင်ပေးသွားရန်။

အထက်ပါအချက်(၁၁)ချက်ကို သဘောတူညီကြောင်း သက်ဆိုင်ရာများ၊ ကုမ္ပဏီများနှင့် လယ်သမားများအပါအဝင် (၁၃)ဦးတို့က လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြသည်။

ပုံများကိုကြည့်ရန်
နားဟိုင်းလုံ လယ်သမားများ အချက် ၁၁ချက်ဖြင့် သဘောတူညီလက်မှတ်ရေးထိုး

35 photos