တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် အဝင်အထွက်ကို လက်ဗွေဖြင့် စိစစ်သည့်စနစ် စတင်စမ်းသပ်

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် အဝင်အထွက်ကို လက်ဗွေဖြင့် စိစစ်သည့်စနစ် စတင်စမ်းသပ်
နိုဝင်ဘာ 9, 2019
By Tachileik News Agency

ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ဖြတ်သန်းမည့် သူများ၏ အဝင်အထွက်အား လက်ဗွေမှတ်တမ်းယူသည့် စနစ်ဖြင့် ပြောင်းလဲအသုံးပြုရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၉) ရက်နေ့တွင် စက်စမ်းသပ်မှုများ ဆောင်ရွက်နေပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာသူများ၏ အချက်အလက်များကို လက်ဗွေ မှတ်တမ်းဖြင့် အတည်ပြုစစ်ဆေးသည့်စနစ် (Biometric Enrollment System)ကို မြန်မာနှင့် ထိုင်းနယ်စပ် ဝင်ထွက်ပေါက်များဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်နယ်စပ်ဝင်ထွက်ပေါက်နှင့် ကရင်ပြည်နယ်ရှိ မြဝတီနယ်စပ် ဝင်ထွက်ပေါက်များတွင် စတင်အသုံးပြုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

"ဝန်ကြီးရုံးက ခွင့်ပြုချက်ကျရင်တော့ ကျွန်တော်တို့ စတင်ဆောင်ရွက်မှာပေါ့။ မြဝတီမှာလည်း စက်တွေ တပ်ဆင်ပြီးသွားပြီ။ ဝန်ကြီးရုံးကအမိန့်ကျမလာတော့ မသုံးရသေးဘူး။ လက်ရှိစမ်းသပ်နေတုန်းပဲ"ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးခြင်းအား လုံခြုံရေးစနစ် တိုးမြှင့်သည့် အနဖြေင့် လက်ဗွေမှတ်တမ်းဖြင့်ထုတ်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ စတင်အသုံးပြုနပြေီဖြစ်သည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ ဖြတ်သန်းသွားလာနေသည့် ချစ်ကြည်ရေးတံတားမှ နှစ်နိုင်ငံ တရားခံပြေးများ ဖြတ်သန်းသွားလာမှုကို တားမြစ်နိုင်ရန်အတွက် ယင်းကဲ့သို့ လုံခြုံရေးစနစ် တိုးမြှင့်ခြင်းကို ဆောင်ရွက်လာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဖြတ်သန်းသည့်လက်မှတ်များ လုံခြုံရေးအဆင့် မြှင့်တင်မှုအဖြစ် တစ်နိုင်ငံလုံး ဆာဗာချိတ်ဆက်ပြီး အချက်အလက်ရယူသည့်စနစ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net