တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်သွယ်ရေးအတွက်သာ အသုံးပြုနေသည့် ချစ်ကြည်ရေး တံတား(၂)ကို Covid-19 ကြောင့် ပိတ်ရန် အစီအစဉ်မရှိ

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်သွယ်ရေးအတွက်သာ အသုံးပြုနေသည့် ချစ်ကြည်ရေး တံတား(၂)ကို Covid-19 ကြောင့် ပိတ်ရန် အစီအစဉ်မရှိ
နိုဝင်ဘာ 28, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်သွယ်ရေးအတွက်သာ အသုံးပြုနေသည့် ချစ်ကြည်ရေး တံတား(၂)ကို Covid-19 ကြောင့် ပိတ်ရန် အစီအစဉ်မရှိ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာတွေ့နေရသော်လည်း တာချီလိတ်နှင့် မယ်ဆိုင်ကြား COVID 19 ကာလအတွင်း ကုန်သွယ်ရေးခွင့်ပြုထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)ကို နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပိတ်မည်ဆိုသည်မှာ မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။
“တံတားပိတ်ဖို့ အစီအစဉ် မရှိပါဘူး။ ထိုင်းဘက်ကလည်း အဲဒီကိစ္စကို ပြောထားတာ မရှိဘူး။ ဟိုဘက် ဒီဘက် လူအဝင်အထွက် မရှိဘူး။ ကားသမားချင်းလဲပြီး မောင်းနှင်တဲ့ စနစ်ပဲဆိုတော့ ဒီအတွက် ဘာမှ အပြောင်းအလဲမရှိဘူး။"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၌ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား ကူးသန်းသွားလာခြင်းအတွက် အသုံးပြုသည့် ချစ်ကြည်ရေး တံတား အမှတ်(၁)ကို ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ကတည်းက ပိတ်ထားလိုက်ပြီဖြစ်သော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတွက် အသုံးပြုနေသည့်  မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) ကို နှစ်နိုင်ငံ ညှိနှိုင်းချက်အရ ဆက်လက် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။ 
တာချီလိတ်ဘက်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့က စ၍ COVID 19 အတည်ပြုလူနာများ တွေ့လာရသော်လည်း နှစ်နိုင်ငံ လူအဝင်အထွက်ကို ကန့်သတ်ထားပြီးဖြစ်၍ ကုန်သွယ်ရေးကို ပိတ်မည်မဟုတ်ကြောင်း သိရသည်။
 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~