ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းက ဧကပေါင်း (၁၂)ဧကကျော်ရှိ ဘိန်းစိုက်ခင်းများကို ဖျက်ဆီး

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းက ဧကပေါင်း (၁၂)ဧကကျော်ရှိ ဘိန်းစိုက်ခင်းများကို ဖျက်ဆီး
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းက  ဧကပေါင်း (၁၂)ဧကကျော်ရှိ  ဘိန်းစိုက်ခင်းများကို ဖျက်ဆီး

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်မြို့နယ်အတွင်း၌ ဧကပေါင်း (၁၂)ဧကကျော်ရှိသည့် ဘိန်းစိုက်ခင်းများကို ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့က ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်း လွယ်ဆောင်ကျေးရွာအုပ်စုရှိ ရှုခင်းသာ(၃)ကျေးရွာ နှင့် ဝမ်ကောင်းကျေးရွာအုပ်စုအတွင်း ရှုခင်းသာ(၂)ကျေးရွာအကြားက ဧက(၄ဒဿမ၅)ဧကရှိသည့် ဘိန်းစိုက်ခင်းအား ဝင်ရောက် ရှင်းလင်းဖျက်ဆီးရာတွင် ဘိန်းပင်များမှာ အမြင့်(၃)ပေခွဲဝန်းကျင်ရှိပြီး အပွင့်ပွင့်ကာ သီးနေဆဲ အပင်အများအပြားပါဝင်ကြောင်း သိရသည်။

ဆက်လက်၍  ရှုခင်းသာ(၂) နှင့် ရှုခင်းသာ(၁)ကျေးရွာအကြားတွင် စိုက်ပျိုးထားသော အပွင့်များပွင့်ကာ သီးနေသည့် ဘိန်းစိုက်ခင်း (၂)ဧက ကိုလည်း ရှာတွေ့ဖျက်ဆီးစေခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဟားကွယ်ကျေးရွာအနီး အမြင့်(၃)ပေခွဲခန့်ရှိကာ ပွင့်ပြီးသီးနေဆဲဖြစ်သည့် ဘိန်းစိုက်ခင်း (၆)ဧကကိုလည်း ရှာဖွေတွေ့ရှိကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘိန်းစိုက်ခင်းများအား မိုင်းဆတ်ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်း၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်နှင့် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ  တပ်ဖွဲ့စုမှူး ရဲမှူးဝင်းဇော်တို့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအစ တွင် သွားရောက်ရှာဖွေ ဖျက်ဆီးရှင်းလင်းခဲ့ကြခြင်း ဖြစ်ကောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~