ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တာချီလိတ်လေဆိပ်တွင် တစ်ခုံခြားထိုင်စနစ် ပြုလုပ်ပေးထား

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တာချီလိတ်လေဆိပ်တွင် တစ်ခုံခြားထိုင်စနစ် ပြုလုပ်ပေးထား
မတ် 28, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တာချီလိတ်လေဆိပ်တွင် တစ်ခုံခြားထိုင်စနစ် ပြုလုပ်ပေးထား

နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိရာ တာချီလိတ်လေဆိပ်ရှိ ခရီးသည်ထိုင်ခုံများတွင်လည်း တစ်ခုံခြားထိုင်စေသည့် စနစ် ပြုလုပ်ပေးထားသည်ကို တွေ့ရသည်။

နေ့ခင်းပိုင်းက ခရီးသည်တွေရှိတော့ ခရီးသည်မရှိတော့တဲ့အချိန် ကျွန်တော်တို့ မနေ့ညက အကုန်လိုက်လုပ်ထားတာပါ။

ဟု တာချီလိတ်လေဆိပ်မှ တာဝန်ကျသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် တစ်ခုံခြားထိုင်စေမည့် စနစ်ကို ၂၀၂၀ခုနှစ် မတ်လ(၂၈)ရက်နေ့က စတင်ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် လူစုလူဝေးများမှ တဆင့် ကူးစက်လွယ်သည့်အပြင် လက်မဆေးခြင်းမှလည်း ကူးစက်လွယ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူစုလူဝေးရှောင်ခြားခြင်း နှင့် လက်ဆေးခြင်းများပြုလုပ်ရန်ကိုလည်း အထူးအသိပေးထားရှိသည်။

၂၀၂၀ခုနှစ် မတ်လ(၂၈)ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ(၈)ဦးအထိ ရှိလာနေပြီဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - HM


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~