ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္ (၄)ဖြဲ႔တို႔၏ ေတြ႔ဆံုေဆြးေႏြးပြဲ တုိးတက္မႈရိွသည္ဟု AA ဆို

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္ (၄)ဖြဲ႔တို႔၏ ေတြ႔ဆံုေဆြးေႏြးပြဲ တုိးတက္မႈရိွသည္ဟု AA ဆို
သြဂုတ် 31, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္ (၄)ဖြဲ႔တုိ႔၏ ေတြ႔ဆံု ေဆြးေႏြးပြဲရလဒ္မွာ တိုးတက္သည္ဟု ULA/AA အဖြဲ႕မွ ဒုစစ္ဦးစီးခ်ဳပ္ ညိဳထြန္းေအာင္က ေဆြးေႏြးပြဲအၿပီးတြင္ ေျပာၾကားလိုက္ၿပီး ေနာက္ထပ္ေဆြးေႏြးပြဲကို စက္တင္ဘာလ (၁၆)ရက္ႏွင့္ (၁၇)ရက္ေန႔မ်ားတြင္ ထပ္မံေတြ႔ဆံုမည္ဟု သိရသည္။

“အေျခအေနက တုိးတက္မႈရိွလားဆိုေတာ့ တိုးတက္မႈရိွတယ္လို႔ အျပဳသေဘာေဆာင္ၿပီး ေျပာၾကားလိုပါတယ္”ဟု ULA/AA အဖြဲ႕မွ ဒုစစ္ဦးစီးခ်ဳပ္ ညိဳထြန္းေအာင္က ေဆြးေႏြးပြဲအၿပီးတြင္ သတင္းမီဒီယာမ်ားသို႔ ေျပာၾကားသည္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္အဖြဲ႕ (၄)ဖြဲ႔တို႔က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔ တြင္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ Amazing Kengton Resort တြင္ ေတြ႔ဆံုေဆြးေႏြးၾကၿပီးေနာက္ ညေန (၂)နာရီ (၄၅)မိနစ္တြင္ ေဆြးေႏြးပြဲရလဒ္မ်ားအား ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ရွင္းလင္းသည္။

“လာမယ့္ေဆြးေႏြးပြဲကို စက္တင္ဘာလ (၁၆)ရက္နဲ႔ (၁၇)ရက္ေန႔မ်ားမွာ ထပ္မံေတြ႔ဆံုဖို႔ သေဘာတူပါတယ္။ ေနရာကေတာ့ ထပ္မံအတည္ျပဳရပါမယ္။ EAO ဘက္က ပန္ဆန္း သို႔မဟုတ္ တရုတ္ႏုိင္ငံတြင္း တစ္ေနရာမွာ ေတြ႔ဆံုဖို႔ အဆိုျပဳပါတယ္။ သူတုိ႔က တပ္မေတာ္သားကိုယ္စားလွယ္ေတြပါ တက္ဖို႔ ေတာင္းဆိုတာေၾကာင့္ ႏွစ္ဖက္လံုး သြားရလာရလြယ္ကူတဲ့ က်ဳိင္းတံုမွာ က်င္းပဖို႔ ကၽြန္ေတာ္တုိ႔အစိုးရဘက္ကေတာ့ အဆိုျပဳထားပါတယ္”ဟု ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ အပစ္ရပ္လက္မွတ္မထုိးရေသးသည့္ မဟာမိတ္ (၄)ဖြဲ႕ျဖစ္သည့္ TNLA၊ MNDAA၊ AA ႏွင့္ KIO တုိ႔၏ ယခုေတြ႔ဆံုမႈမွာ  ၂၀၁၉ ခုႏွစ္အတြင္း (၄)ႀကိမ္ေျမာက္ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၂၅)ရက္ေန႔က တရုတ္ႏုိင္ငံ ကူမင္းၿမိဳ႕၊ ဧၿပီလ (၃၀)ရက္ေန႔တြင္ မူဆယ္၊ ဇြန္လ (၃၀)ရက္ေန႔တြင္ မုိင္းလားႏွင့္ ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ က်ိဳင္းတံု၌ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

ေဆြးေႏြးပြဲမ်ား အတြင္း အပစ္အခတ္ရပ္စဲေရး Bilateral လက္မွတ္ေရးထိုးႏုိင္ေရးအပါအဝင္ လက္ရိွတြင္ မဟာမိတ္အဖြဲ႕ (၃)ဖြဲ႔တိုက္ခုိက္ေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ တုိက္ပြဲမ်ားရပ္စဲေရးအတြက္ပါ က်ိဳင္းတံုၿမိဳ႕ ေဆြးေႏြးပြဲတြင္ ထည့္သြင္းေဆြးေႏြးၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ မဟာမိတ္(၃)ဖြဲ႔က ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ တုိက္ခိုက္မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မဟာမိတ် (၄)ဖွဲ့တို့၏ တွေ့ဆုံ ဆွေးနွေးပွဲရလဒ်မှာ တိုးတက်သည်ဟု ULA/AA အဖွဲ့မှ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်က ဆွေးနွေးပွဲအပြီးတွင် ပြောကြားလိုက်ပြီး နောက်ထပ်ဆွေးနွေးပွဲကို စက်တင်ဘာလ (၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ထပ်မံတွေ့ဆုံမည်ဟု သိရသည်။

“အခြေအနေက တိုးတက်မှုရှိလားဆိုတော့ တိုးတက်မှုရှိတယ်လို့ အပြုသဘောဆောင်ပြီး ပြောကြားလိုပါတယ်”ဟု ULA/AA အဖွဲ့မှ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်က ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မဟာမိတ်အဖွဲ့ (၄)ဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kengton Resort တွင် တွေ့ဆုံဆွေးနွေးကြပြီးနောက် ညနေ (၂)နာရီ (၄၅)မိနစ်တွင် ဆွေးနွေးပွဲရလဒ်များအား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းလင်းသည်။

“လာမယ့်ဆွေးနွေးပွဲကို စက်တင်ဘာလ (၁၆)ရက်နဲ့ (၁၇)ရက်နေ့များမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူပါတယ်။ နေရာကတော့ ထပ်မံအတည်ပြုရပါမယ်။ EAO ဘက်က ပန်ဆန်း သို့မဟုတ် တရုတ်နိုင်ငံတွင်း တစ်နေရာမှာ တွေ့ဆုံဖို့ အဆိုပြုပါတယ်။ သူတို့က တပ်မတော်သားကိုယ်စားလှယ်တွေပါ တက်ဖို့ တောင်းဆိုတာကြောင့် နှစ်ဖက်လုံး သွားရလာရလွယ်ကူတဲ့ ကျိုင်းတုံမှာ ကျင်းပဖို့ ကျွန်တော်တို့အစိုးရဘက်ကတော့ အဆိုပြုထားပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် မဟာမိတ် (၄)ဖွဲ့ဖြစ်သည့် TNLA၊ MNDAA၊ AA နှင့် KIO တို့၏ ယခုတွေ့ဆုံမှုမှာ ၂၀၁၉ ခုနှစ်အတွင်း (၄)ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၊ ဧပြီလ (၃၀)ရက်နေ့တွင် မူဆယ်၊ ဇွန်လ (၃၀)ရက်နေ့တွင် မိုင်းလားနှင့် သြဂုတ်လ (၃၁)ရက်နေ့တွင် ကျိုင်းတုံ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲများ အတွင်း အပစ်အခတ်ရပ်စဲရေး Bilateral လက်မှတ်ရေးထိုးနိုင်ရေးအပါအဝင် လက်ရှိတွင် မဟာမိတ်အဖွဲ့ (၃)ဖွဲ့တိုက်ခိုက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများရပ်စဲရေးအတွက်ပါ ကျိုင်းတုံမြို့ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မဟာမိတ်(၃)ဖွဲ့က သြဂုတ်လ (၁၅)ရက်နေ့မှစ၍ တိုက်ခိုက်မှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net