တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် နယ်စပ်အဝင်အထွက်တွင် လူ့ခန္ဓာကိုယ် မှတ်တမ်းယူသည့် စနစ်ဖြင့် ဆောင်ရွက်တော့မည်

တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် နယ်စပ်အဝင်အထွက်တွင် လူ့ခန္ဓာကိုယ် မှတ်တမ်းယူသည့် စနစ်ဖြင့် ဆောင်ရွက်တော့မည်
နိုဝင်ဘာ 5, 2019
By Tachileik News Agency
တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် နယ်စပ်အဝင်အထွက်တွင် လူ့ခန္ဓာကိုယ် မှတ်တမ်းယူသည့် စနစ်ဖြင့် ဆောင်ရွက်တော့မည်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) မှ နှစ်နိုင်ငံ အဝင်အထွက်ကို လုံခြုံရေးမြှင့်တင်မှုအဖြစ် လူ့ခန္ဓာကိုယ်အား မှတ်တမ်းယူသည့်စနစ် ( Biometric Enrollment System ) ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။

နယ်စပ်တံတားပေါ်တွင် မြန်မာဘက်အဝင်နှင့် ထိုင်းဘက်အထွက် နေရာ (၂)ခု၌ Biometric Enrollment System စနစ်အသုံးပြုနိုင်ရေး စက်များတပ်ဆင်ခြင်းကို နိုဝင်ဘာလ (၅)ရက်နေ့တွင် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီက စတင်တပ်ဆင်ပေးနပြေီဖြစ်သည်။

"စက်တွေကို မြန်မာဘက်အဝင်မှာ (၁) လုံး၊ ထိုင်းဘက်အထွက်မှာ (၁) လုံးတပ်မယ်"ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Biometric Enrollment System ဆိုင်ရာ ဆက်စပ်ပစ္စည်းများမှာ အောက်တိုဘာ (၂၆) ရက်နေ့နှင့် နိုဝင်ဘာလ (၂) ရက်နေ့များ၌ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးခြင်းအား လုံခြုံရေးစနစ် တိုးမြှင့်သည့် အနဖြေင့် လက်ဗွေမှတ်တမ်းဖြင့် ထုတ်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ စတင်အသုံးပြုနပြေီဖြစ်သည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ ဖြတ်သန်းသွားလာနေသည့် ချစ်ကြည်ရေးတံတားမှ နှစ်နိုင်ငံ တရားခံပြေးများ ဖြတ်သန်းသွားလာမှုကို တားမြစ်နိုင်ရန်အတွက် ယင်းကဲ့သို့ လုံခြုံရေးစနစ် တိုးမြှင့်ခြင်းကို ဆောင်ရွက်လာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဖြတ်သန်းသည့်လက်မှတ်များ လုံခြုံရေးအဆင့် မြှင့်တင်မှုအဖြစ် တစ်နိုင်ငံလုံး ဆာဗာချိတ်ဆက်ပြီး အချက်အလက်ရယူသည့်စနစ်ကို ဇူလိုင်လ (၆)ရက်နေ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးခြင်းကို လက်ဗွေစနစ်ဖြင့် ပြောင်းလဲအသုံးပြု

မြန်မာနိုင်ငံက ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်များတွင် မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များထုတ်ပေးခြင်းအား လုံခြုံရေး အဆင့်မြှင့်တင်ခြင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဆောင်ရွက်လာခြင်း ဖြစ်သည်။

မြန်မာဘက်မှ လုံခြုံရေးအဆင့်မြှင့်တင်လိုက်သည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များတွင် လုံခြုံရေးကြိုး၊ လိုဂိုရေစာများအပြင် QR Code တို့ ထည့်သွင်းအသုံးပြုလာခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသများတွင် ဖြတ်သန်းသွားလာသည့် နိုင်ငံသားများအား ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (တံတားကူးလက်မှတ်)နှင့် နယ်စပ်ဒေသများတွင် နေထိုင်သူများကို သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့် သဘောတူညီချက်အရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(တံတားကူးစာအုပ်)တို့ကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက စိစစ်ထုတ်ပေးနခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း

( ရုပ်သံ )တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)၌ နယ်စပ်လက်မှတ်ပြုလုပ်ရာတွင် လက်ဗွေစနစ် စတင်



⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱