တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မတော်တဆမှုလျော့ပါးစေရန် မီးပုံးပျံလွှတ်တင်သည့် နေရာကို ပြင်ပလူဝင်ခွင့်မပေးဘဲ ကာရံထား

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မတော်တဆမှုလျော့ပါးစေရန် မီးပုံးပျံလွှတ်တင်သည့် နေရာကို ပြင်ပလူဝင်ခွင့်မပေးဘဲ ကာရံထား
နိုဝင်ဘာ 6, 2019
By Tachileik News Agency
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မတော်တဆမှုလျော့ပါးစေရန် 
မီးပုံးပျံလွှတ်တင်သည့် နေရာကို ပြင်ပလူဝင်ခွင့်မပေးဘဲ ကာရံထား

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၏ ၂၀၁၉ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံလွှတ်တင်ချိန်အတွင်း မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရမှု မရှိစေရေးအတွက် မီးပုံးပျံလွှတ်တင်သည့်နေရာကို သီးသန့်ကာရံထားပြီး ကွင်းအတွင်း မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ အသင့်စောင့်ဆိုင်းပေးနေသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်၏ အထင်ကရ ရိုးရာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန် မီးပုံးပျံများတွင် ယမ်းအသုံးပြုမှုကို ပညာရှင်များပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးသည့် အပြင် မီးပုံးပျံလွှတ်တင်ရာနေရာတွင်လည်း မီးပုံးပျံလွှတ်တင်မည့်အဖွဲ့မှ လွဲ၍ ဝင်ခွင့်မပြုဘဲ ကန့်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စည်းကမ်းပျက်မော်တော်ယာဉ်များကို ပွဲတော်ပြီးဆုံးသည့် ကာလအထိ ခေတ္တသိမ်းဆည်းမည် 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့တွင် နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး စိန်နားပန် စုစုပေါင်း (၁၁၅)လုံးတို့ ယှဉ်ပြိုင်လွှတ်တင်ကြမည်ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

ဆက်စပ်သတင်းများ - 

  1. တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် (၁၁၅) လုံး ယှဉ်ပြိုင်လွှတ်တင်မည်
  1. တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း လုံခြုံရေးစိုးရိမ်မှုမရှိစေရေး ပြည်နယ်အစိုးရ စီမံဆောင်ရွက်နေ
  1.  တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net