ကေလာ - ေတာင္ႀကီးလမ္းပိုင္းတြင္ ယာဥ္မ်ား အႏၱရာယ္ကင္းစြာ ရပ္နားရန္ေနရာမ်ားႏွင့္ အရွိန္ထိန္းက်င္းမ်ား ထည့္သြင္း ျပဳလုပ္

ကေလာ - ေတာင္ႀကီးလမ္းပိုင္းတြင္ ယာဥ္မ်ား အႏၱရာယ္ကင္းစြာ ရပ္နားရန္ေနရာမ်ားႏွင့္ အရွိန္ထိန္းက်င္းမ်ား ထည့္သြင္း ျပဳလုပ္
မတ် 20, 2019
By Tachileik News Agency

မိတၳီလာ - ေတာင္ႀကီး - က်ဳိင္းတံု - တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီး၏ အစိတ္အပိုင္းျဖစ္သည့္ ကေလာ - ေတာင္ႀကီးလမ္းပိုင္းကို (၄)လမ္းသြားတိုးခ်ဲ႕ အဆင့္ျမႇင့္တင္ရာတြင္ လမ္းေဘးအႏၱရာယ္ကင္းစြာရပ္နားရန္ ေနရာမ်ားႏွင့္ အႏၱရာယ္ရိွေကြ႕မ်ားတြင္ အရိွန္ထိန္းက်င္းမ်ားစသည့္ အေဝးေျပးလမ္းမ၏ အဂၤါရပ္မ်ားထည့္သြင္း တည္ေဆာက္ေနေၾကာင္း  ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီထံမွ သိရသည္။

" အျခားႏိုင္ငံေတြကို သြားတဲ့အခ်ိန္မွာေတြ႕တာေတာ့ တကယ့္ ဟိုင္းေ၀းလမ္းမႀကီးေတြဆို မဆင္မျခင္ ေမာင္းလို႔ပဲ ျဖစ္ျဖစ္ ကားဘရိတ္စနစ္ခ်ိဳ႕ယြင္းလို႔ပဲျဖစ္ျဖစ္ အရိွန္မႏိုင္လို႔ အႏၱရာယ္ရိွတဲ့ အေနအထားမွာ အေရးေပၚအႏၱရာယ္ဇုန္ပံုစံမ်ိဳး ဘရိတ္ေပါက္တဲ့ကားေတြ၊ အရိွန္မထိန္းႏိုင္တဲ့ကားေတြကို ပါလာတဲ့ခရီးသည္ေတြ၊ ကားဆရာေတြ အသက္အႏၱရာယ္ မရိွေအာင္လို႔ဆိုၿပီးေတာ့ အကာအရံေတြ၊ တကယ့္ကုန္းဆင္းေတြမွာဆို ဘန္ကာက်င္းလိုပံုစံမ်ိဳး ေပ (၅၀၊ ၆၀) ၀န္းက်င္ေလာက္ရိွတဲ့က်င္းႀကီးေတြမွာ ေက်ာက္ေတြပဲျဖစ္ျဖစ္၊ သဲေတြပဲျဖစ္ျဖစ္ထည့္ၿပီး လုပ္ၾကတဲ့အတိုင္းလုပ္ဖို႔ စီစဥ္ေဆာင္ရြက္ထားပါတယ္။ အရိွန္မထိန္းႏိုင္တဲ့ကားေတြ အဲဒီက်င္းထဲကို ေမာင္းခ်လိုက္မယ္ဆိုရင္ သဲေတြေက်ာက္ေတြက ကားဘီးေတြကိုနစ္သြားၿပီးေတာ့မွ အရိွန္ေတြ အနည္းငယ္က်သြားေအာင္ ရပ္သြားေအာင္လို႔ပါ။ ဒီဟာမွမရပ္ဘူး ေရွ႕ကိုပဲဆက္သြားမယ္ဆိုရင္ ဒီေပ (၆၀) ရဲ႕အေက်ာ္မွာ ကြန္ကရိကပ္တုံးေတြနဲ႔ ကားႀကီးတာယာေတြကို အကာအရံအေနနဲ႔ လုပ္ထားပါတယ္။ သူ႕ကိုသြားတိုက္ခဲ့မယ္ဆိုရင္ ကားေတြပ်က္စီးမႈသက္သာေအာင္လို႔ စီစဥ္ေဆာင္ရြက္ထားပါတယ္ခင္ဗ်"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ ဒါရိုက္တာဦးထြန္းထြန္းလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းပိုင္းအတြင္း အႏၱရာယ္ရိွသည့္ ကုန္းဆင္းေနရာမ်ားသို႔ မေရာက္မီ (၂)မုိင္ဝန္းက်င္ကတည္းက လမ္းညႊန္အမွတ္အသားမ်ားျဖင့္ သတိေပးထားမည္ ျဖစ္သည့္အျပင္ အရွိန္ေလွ်ာ့ေမာင္းႏွင္ရန္လည္း ထည့္သြင္းတည္ေဆာက္ေပးသြားမည္ျဖစ္ၿပီး လမ္း၏မ်က္ကြယ္အပိုင္းမ်ား ေလွ်ာ့ခ်ျခင္းကိုလည္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"ေက်ာက္ေတာင္ေတြလည္းရိွေတာ့ ခက္ခက္ခဲခဲ ျဖတ္ခဲ့ရတယ္ေပါ့။ အဓိက အားျဖင့္မ်က္ကြယ္ကုန္းေတြရိွတယ္။ အရင္လမ္းေဟာင္းမွာေပါ့။ မ်က္ကြယ္ကုန္းေတြေျပသြားေအာင္ျပန္ျဖတ္ခ်တာတို႔ အေကြ႕ေတြမွာ မ်က္ကြယ္ျဖစ္ေနတာေတြ ပိုၿပီးက်ယ္သြားေအာင္ ျပန္ၿပီးျဖတ္ခ်တာတို႔ လုပ္ခဲ့ရပါတယ္"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ စီမံကိန္းအင္ဂ်င္နီယာ ဦးစိုးထြန္းလင္းက ေျပာသည္။

လမ္းမ်ားကို အဆင့္ျမႇင့္တင္ျခင္းေဆာင္ရြက္ရာ၌ လမ္းအႏၱရာယ္ကင္းရွင္းေစေရးအတြက္ တာဝန္ယူသည့္ ကုမၸဏီမ်ားအေနျဖင့္ လိုအပ္သည္မ်ားကို ထည့္သြင္းေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ေမာင္းမ်ား အေနျဖင့္လည္း လမ္းစည္းကမ္းလုိက္နာေမာင္းႏွင္ၾကရန္လိုအပ္သည္ဟု လမ္းဦးစီးဌာနက တုိက္တြန္းေျပာၾကားလုိက္သည္။

"ကၽြန္ေတာ္တို႔ လမ္းႀကီးေတြကလည္း က်ယ္လာတယ္။ လမ္းႀကီးေတြကလည္း ေကာင္းလာတယ္။ ခရီးေတြပိုၿပီးေတာ့ လံုၿခံဳေခ်ာေမြ႕ေစခ်င္တယ္ေပါ့ဗ်ာ။ အထူးသျဖင့္ ယာဥ္စည္းကမ္းကို လိုက္နာၿပီးေတာ့ ေမာင္းႏွင္ၾကဖို႔ပါ ခင္ဗ်။ ကၽြန္ေတာ္တို႔က ေတာင္ေပၚလမ္းျဖစ္ပါတယ္။ အေကြ႕အေကာက္ေလးေတြလည္း ရိွမယ္။ အတက္အဆင္းေလးေတြလည္း ရိွမယ္။ လမ္းရဲ႕မာယာေလးေတြရိွတာေပါ့ေနာ္။ ဒါေလးေတြကို ကၽြန္ေတာ္တို႔က အရိွန္ဘယ္ေလာက္နဲ႔ေမာင္းပါ။ ဆိုင္းဘုတ္ေတြစိုက္ေပးထားပါတယ္။ ဒါေလးေတြကို ေသေသခ်ာခ်ာ လိုက္နာဖို႔လိုပါတယ္။ အထူးသျဖင့္ အေႏွးယာဥ္ေလးေတြေပါ့။ ေမာ္ေတာ္ဆိုင္ကယ္လို ဟာမ်ိဳးေပါ့။ ညာဘက္မွာ ကပ္ၿပီးစီးရမယ့္အမ်ိဳးပါ။ ေမာ္ေတာ္ဆိုင္ကယ္ေတြ လမ္းလယ္ကိုတက္လာတာ ကၽြန္ေတာ္တို႔စိတ္ပူပါတယ္။ ယာဥ္မေတာ္တဆမႈ မျဖစ္ေပၚေစဖို႔အတြက္ သက္မွတ္ထားတဲ့ စည္းကမ္းေတြအတိုင္း လိုက္နာေဆာင္ရြက္သြားဖို႔အတြက္ အႀကံေပးလိုပါတယ္"ဟု ေတာင္ႀကီးခ႐ိုင္လမ္းဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးမ်ိဳးလြင္က ေျပာသည္။

မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု - တာခ်ီလိတ္ျပည္ေထာင္စုလမ္းမႀကီးကို ေဆာက္လုပ္ေရးကုမၸဏီ (၃)ခုအား B.O.T စနစ္ျဖင့္ လုပ္ကိုင္ခြင့္ေပးထားရာ  ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းကို လုပ္ကိုင္ခြင့္ရထားျခင္းျဖစ္ၿပီး လမ္းဦးစီးဌာန၏ ညႊန္ၾကားခ်က္အတုိင္း နန္႔ပန္တက္-ေတာင္ႀကီးလမ္းပိုင္း (၆၂) မိုင္ (၄) ဖာလံုကို (၄၈) ေပအက်ယ္ (၄)လမ္းသြားတိုးခ်ဲ႕ျခင္းကို လုပ္ေဆာင္ေနျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သည့် ကလော - တောင်ကြီးလမ်းပိုင်းကို (၄)လမ်းသွားတိုးချဲ့ အဆင့်မြှင့်တင်ရာတွင် လမ်းဘေးအန္တရာယ်ကင်းစွာရပ်နားရန် နေရာများနှင့် အန္တရာယ်ရှိကွေ့များတွင် အရှိန်ထိန်းကျင်းများစသည့် အဝေးပြေးလမ်းမ၏ အင်္ဂါရပ်များထည့်သွင်း တည်ဆောက်နေကြောင်း တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီထံမှ သိရသည်။

" အခြားနိုင်ငံတွေကို သွားတဲ့အချိန်မှာတွေ့တာတော့ တကယ့် ဟိုင်းေဝးလမ်းမကြီးတွေဆို မဆင်မခြင် မောင်းလို့ပဲ ဖြစ်ဖြစ် ကားဘရိတ်စနစ်ချို့ယွင်းလို့ပဲဖြစ်ဖြစ် အရှိန်မနိုင်လို့ အန္တရာယ်ရှိတဲ့ အနေအထားမှာ အရေးပေါ်အန္တရာယ်ဇုန်ပုံစံမျိုး ဘရိတ်ပေါက်တဲ့ကားတွေ၊ အရှိန်မထိန်းနိုင်တဲ့ကားတွေကို ပါလာတဲ့ခရီးသည်တွေ၊ ကားဆရာတွေ အသက်အန္တရာယ် မရှိအောင်လို့ဆိုပြီးတော့ အကာအရံတွေ၊ တကယ့်ကုန်းဆင်းတွေမှာဆို ဘန်ကာကျင်းလိုပုံစံမျိုး ပေ (၅၀၊ ၆၀) ဝန်းကျင်လောက်ရှိတဲ့ကျင်းကြီးတွေမှာ ကျောက်တွေပဲဖြစ်ဖြစ်၊ သဲတွေပဲဖြစ်ဖြစ်ထည့်ပြီး လုပ်ကြတဲ့အတိုင်းလုပ်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အရှိန်မထိန်းနိုင်တဲ့ကားတွေ အဲဒီကျင်းထဲကို မောင်းချလိုက်မယ်ဆိုရင် သဲတွေကျောက်တွေက ကားဘီးတွေကိုနစ်သွားပြီးတော့မှ အရှိန်တွေ အနည်းငယ်ကျသွားအောင် ရပ်သွားအောင်လို့ပါ။ ဒီဟာမှမရပ်ဘူး ရှေ့ကိုပဲဆက်သွားမယ်ဆိုရင် ဒီပေ (၆၀) ရဲ့အကျော်မှာ ကွန်ကရိကပ်တုံးတွေနဲ့ ကားကြီးတာယာတွေကို အကာအရံအနေနဲ့ လုပ်ထားပါတယ်။ သူ့ကိုသွားတိုက်ခဲ့မယ်ဆိုရင် ကားတွေပျက်စီးမှုသက်သာအောင်လို့ စီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျ"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာဦးထွန်းထွန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းပိုင်းအတွင်း အန္တရာယ်ရှိသည့် ကုန်းဆင်းနေရာများသို့ မရောက်မီ (၂)မိုင်ဝန်းကျင်ကတည်းက လမ်းညွှန်အမှတ်အသားများဖြင့် သတိပေးထားမည် ဖြစ်သည့်အပြင် အရှိန်လျှော့မောင်းနှင်ရန်လည်း ထည့်သွင်းတည်ဆောက်ပေးသွားမည်ဖြစ်ပြီး လမ်း၏မျက်ကွယ်အပိုင်းများ လျှော့ချခြင်းကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

"ကျောက်တောင်တွေလည်းရှိတော့ ခက်ခက်ခဲခဲ ဖြတ်ခဲ့ရတယ်ပေါ့။ အဓိက အားဖြင့်မျက်ကွယ်ကုန်းတွေရှိတယ်။ အရင်လမ်းဟောင်းမှာပေါ့။ မျက်ကွယ်ကုန်းတွေပြေသွားအောင်ပြန်ဖြတ်ချတာတို့ အကွေ့တွေမှာ မျက်ကွယ်ဖြစ်နေတာတွေ ပိုပြီးကျယ်သွားအောင် ပြန်ပြီးဖြတ်ချတာတို့ လုပ်ခဲ့ရပါတယ်"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းအင်ဂျင်နီယာ ဦးစိုးထွန်းလင်းက ပြောသည်။

လမ်းများကို အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာ၌ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် တာဝန်ယူသည့် ကုမ္ပဏီများအနဖြေင့် လိုအပ်သည်များကို ထည့်သွင်းဆောင်ရွက်နခြေင်းဖြစ်ပြီး မော်တော်ယာဉ်မောင်းများ အနဖြေင့်လည်း လမ်းစည်းကမ်းလိုက်နာမောင်းနှင်ကြရန်လိုအပ်သည်ဟု လမ်းဦးစီးဌာနက တိုက်တွန်းပြောကြားလိုက်သည်။

"ကျွန်တော်တို့ လမ်းကြီးတွေကလည်း ကျယ်လာတယ်။ လမ်းကြီးတွေကလည်း ကောင်းလာတယ်။ ခရီးတွေပိုပြီးတော့ လုံခြုံချောမွေ့စေချင်တယ်ပေါ့ဗျာ။ အထူးသဖြင့် ယာဉ်စည်းကမ်းကို လိုက်နာပြီးတော့ မောင်းနှင်ကြဖို့ပါ ခင်ဗျ။ ကျွန်တော်တို့က တောင်ပေါ်လမ်းဖြစ်ပါတယ်။ အကွေ့အကောက်လေးတွေလည်း ရှိမယ်။ အတက်အဆင်းလေးတွေလည်း ရှိမယ်။ လမ်းရဲ့မာယာလေးတွေရှိတာပေါ့နော်။ ဒါလေးတွေကို ကျွန်တော်တို့က အရှိန်ဘယ်လောက်နဲ့မောင်းပါ။ ဆိုင်းဘုတ်တွေစိုက်ပေးထားပါတယ်။ ဒါလေးတွေကို သေသေချာချာ လိုက်နာဖို့လိုပါတယ်။ အထူးသဖြင့် အနှေးယာဉ်လေးတွေပေါ့။ မော်တော်ဆိုင်ကယ်လို ဟာမျိုးပေါ့။ ညာဘက်မှာ ကပ်ပြီးစီးရမယ့်အမျိုးပါ။ မော်တော်ဆိုင်ကယ်တွေ လမ်းလယ်ကိုတက်လာတာ ကျွန်တော်တို့စိတ်ပူပါတယ်။ ယာဉ်မတော်တဆမှု မဖြစ်ပေါ်စေဖို့အတွက် သက်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့အတွက် အကြံပေးလိုပါတယ်"ဟု တောင်ကြီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးလွင်က ပြောသည်။

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်ပြည်ထောင်စုလမ်းမကြီးကို ဆောက်လုပ်ရေးကုမ္ပဏီ (၃)ခုအား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားရာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းကို လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး လမ်းဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း နန့်ပန်တက်-တောင်ကြီးလမ်းပိုင်း (၆၂) မိုင် (၄) ဖာလုံကို (၄၈) ပေအကျယ် (၄)လမ်းသွားတိုးချဲ့ခြင်းကို လုပ်ဆောင်နခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net