တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် (၁၁၅) လုံး ယှဉ်ပြိုင်လွှတ်တင်မည်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် (၁၁၅) လုံး ယှဉ်ပြိုင်လွှတ်တင်မည်
အောက်တိုဘာ 28, 2019
By Tachileik News Agency
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် (၁၁၅) လုံး ယှဉ်ပြိုင်လွှတ်တင်မည်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း နေ့အလိုက် ပြိုင်ပွဲဝင်မည့် မီးပုံးပျံစာရင်းများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့၌ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် စုစုပေါင်း (၁၁၆)လုံးတို့ကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့မှ နိုဝင်ဘာလ (၁၁)ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၂)ရက်နေ့တွင် အနိုင်ရအဖွဲ့များအား ဆုများချီးမြှင့်မည်ဖြစ်သည်။

ပြိုင်ပွဲစတင်သည့် နိုဝင်ဘာလ (၄)ရက်နေ့တွင် နေ့လွှတ်အစီအစဉ်၌ အဖွဲ့ပေါင်း (၃၀) နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန် အဖွဲ့ပေါင်း (၁၀)ဖွဲ့၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် နေ့လွှတ်အစီအစဉ်၌ အဖွဲ့ပေါင်း (၃၃)ဖွဲ့နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန်အဖွဲ့ပေါင်း (၁၁)ဖွဲ့၊ နိုဝင်ဘာလ (၆)ရက်နေ့၌ နေ့လွှတ်အစီအစဉ်၌ အဖွဲ့ပေါင်း (၃၁)ဖွဲ့နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန်အဖွဲ့ပေါင်း (၁၂)ဖွဲ့ ပါဝင်သည်။

ဆက်လက်၍ နိုဝင်ဘာလ (၇)ရက်နေ့၏ နေ့လွှတ်အစီအစဉ်၌ အဖွဲ့ပေါင်း (၃၃)ဖွဲ့နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန်အဖွဲ့ပေါင်း (၁၅)ဖွဲ့၊ နိုဝင်ဘာလ (၈)ရက်နေ့၌ နေ့လွှတ်အစီအစဉ်၌ အဖွဲ့ပေါင်း (၃၅)ဖွဲ့နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန်အဖွဲ့ပေါင်း (၁၆)ဖွဲ့၊ နိုဝင်ဘာလ (၉)ရက်နေ့၌ နေ့လွှတ်အစီအစဉ်၌ အဖွဲ့ပေါင်း (၃၉)ဖွဲ့နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန်အဖွဲ့ပေါင်း (၁၇)ဖွဲ့ပါဝင်သည်။

နိုဝင်ဘာလ (၁၀)ရက်နေ့၌ နေ့လွှတ်အစီအစဉ်တွင် အဖွဲ့ပေါင်း (၄၀)ဖွဲ့နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန်အဖွဲ့ပေါင်း (၁၇)ဖွဲ့၊ နိုဝင်ဘာလ (၁၁)ရက်နေ့၌ နေ့လွှတ်အစီအစဉ်၌ အဖွဲ့ပေါင်း (၄၀)ဖွဲ့နှင့် ညလွှတ်အစီအစဉ်၌ ညမီးကြီး၊ စိန်နားပန်အဖွဲ့ပေါင်း (၁၇)ဖွဲ့တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်မှာ ရှမ်းပြည်နယ်၏ ထင်ရှားလှသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ကာ ရိုးရာမီးပုံးပျံပညာဖြင့် ပြုလုပ်ထားသည့် မီးပုံးအလှမျိုးစုံကို ယှဉ်ပြိုင်လွှတ်တင်လေ့ရှိရာ ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်တစားပါဝင်လေ့ရှိကြသည်။

မီးပုံးပျံပွဲတော် ဘေးကင်းလုံခြုံစွာဖြင့် စနစ်တကျကျင်းပရေးကို ပြည်နယ်အစိုးရက ဦးစီးကျင်းပပေးခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ေတာင္ႀကီး တန္ေဆာင္တုိင္ပြဲေတာ္တြင္ ေန႔လႊတ္အရုပ္ေပါင္း (၂၈၁)ရုပ္ႏွင့္ ညမီးႀကီး၊ စိန္နားပန္ (၁၁၅) လံုး ယွဥ္ၿပိဳင္လႊတ္တင္မည္

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၄)ရက္ေန႔မွ (၁၂)ရက္ေန႔အထိ က်င္းပမည့္ တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကာလအတြင္း ေန႔အလိုက္ ၿပိဳင္ပြဲဝင္မည့္ မီးပံုးပ်ံစာရင္းမ်ားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၈)ရက္ေန႔၌ ထုတ္ျပန္ေၾကညာလုိက္ၿပီျဖစ္သည္။

ေန႔လႊတ္အရုပ္ေပါင္း (၂၈၁)ရုပ္ႏွင့္ ညမီးႀကီး၊ စိန္နားပန္ စုစုေပါင္း (၁၁၅)လံုးတို႔ကို ၂၀၁၉ခုႏွစ္ ႏိုဝင္ဘာလ (၄)ရက္ေန႔မွ ႏုိဝင္ဘာလ (၁၁)ရက္ေန႔အထိ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ႏိုဝင္ဘာလ (၁၂)ရက္ေန႔တြင္ အႏုိင္ရအဖြဲ႕မ်ားအား ဆုမ်ားခ်ီးျမႇင့္မည္ျဖစ္သည္။

ၿပိဳင္ပြဲစတင္သည့္ ႏိုဝင္ဘာလ (၄)ရက္ေန႔တြင္ ေန႔လႊတ္အစီအစဥ္၌ အဖြဲ႕ေပါင္း (၃၀) ႏွင့္  ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္ အဖြဲ႕ေပါင္း (၁၀)ဖြဲ႕၊ ႏိုဝင္ဘာလ (၅)ရက္ေန႔တြင္ ေန႔လႊတ္အစီအစဥ္၌ အဖြဲ႕ေပါင္း (၃၃)ဖြဲ႕ႏွင့္ ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္အဖြဲ႕ေပါင္း (၁၁)ဖြဲ႕၊ ႏိုဝင္ဘာလ (၆)ရက္ေန႔၌ ေန႔လႊတ္အစီအစဥ္၌ အဖြဲ႕ေပါင္း (၃၁)ဖြဲ႕ႏွင့္ ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္အဖြဲ႕ေပါင္း (၁၂)ဖြဲ႕ ပါ၀င္သည္။

ဆက္လက္၍ ႏိုဝင္ဘာလ (၇)ရက္ေန႔၏ ေန႔လႊတ္အစီအစဥ္၌ အဖြဲ႕ေပါင္း (၃၃)ဖြဲ႕ႏွင့္ ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္အဖြဲ႕ေပါင္း (၁၅)ဖြဲ႕၊ ႏိုဝင္ဘာလ (၈)ရက္ေန႔၌ ေန႔လႊတ္အစီအစဥ္၌ အဖြဲ႕ေပါင္း (၃၅)ဖြဲ႕ႏွင့္ ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္အဖြဲ႕ေပါင္း (၁၆)ဖြဲ႕၊ ႏိုဝင္ဘာလ (၉)ရက္ေန႔၌ ေန႔လႊတ္အစီအစဥ္၌ အဖြဲ႕ေပါင္း (၃၉)ဖြဲ႕ႏွင့္ ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္အဖြဲ႕ေပါင္း (၁၇)ဖြဲ႕ပါ၀င္သည္။

ႏိုဝင္ဘာလ (၁၀)ရက္ေန႔၌ ေန႔လႊတ္အစီအစဥ္တြင္ အဖြဲ႕ေပါင္း (၄၀)ဖြဲ႕ႏွင့္ ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္အဖြဲ႕ေပါင္း (၁၇)ဖြဲ႕၊ ႏိုဝင္ဘာလ (၁၁)ရက္ေန႔၌ ေန႔လႊတ္အစီအစဥ္၌ အဖြဲ႕ေပါင္း (၄၀)ဖြဲ႕ႏွင့္ ညလႊတ္အစီအစဥ္၌ ညမီးႀကီး၊ စိန္နားပန္အဖြဲ႕ေပါင္း (၁၇)ဖြဲ႕တုိ႔ ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

ေတာင္ႀကီး တန္ေဆာင္တုိင္ပြဲေတာ္မွာ ရွမ္းျပည္နယ္၏ ထင္ရွားလွသည့္ ရိုးရာပြဲေတာ္တစ္ခုျဖစ္ကာ ရိုးရာမီးပုံးပ်ံပညာျဖင့္ ျပဳလုပ္ထားသည့္ မီးပံုးအလွမ်ိဳးစံုကို ယွဥ္ၿပိဳင္လႊတ္တင္ေလ့ရိွရာ ျပည္တြင္း၊ ျပည္ပမွ စိတ္ဝင္တစားပါဝင္ေလ့ရိွၾကသည္။

မီးပံုးပ်ံပြဲေတာ္ ေဘးကင္းလံုၿခံဳစြာျဖင့္ စနစ္တက်က်င္းပေရးကို ျပည္နယ္အစိုးရက ဦးစီးက်င္းပေပးျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ႐ွမ္းျပည္နယ္႐ိုးရာမီးပံုးပ်ံပညာ႐ွင္မ်ားအသင္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net