တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စည်းကမ်းပျက်မော်တော်ယာဉ်များကို ပွဲတော်ပြီးဆုံးသည့် ကာလအထိ ခေတ္တသိမ်းဆည်းမည်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စည်းကမ်းပျက်မော်တော်ယာဉ်များကို ပွဲတော်ပြီးဆုံးသည့် ကာလအထိ ခေတ္တသိမ်းဆည်းမည်
အောက်တိုဘာ 27, 2019
By Tachileik News Agency
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စည်းကမ်းပျက်မော်တော်ယာဉ်များကို ပွဲတော်ပြီးဆုံးသည့် ကာလအထိ ခေတ္တသိမ်းဆည်းမည်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စည်းကမ်းမဲ့ယာဉ်များကို ခေတ္တ သိမ်းဆည်းထားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း မူးယစ်ပြီး မောင်းနှင်ခြင်း၊ ယာဉ်နံပါတ်ပြားမပါခြင်း၊ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မပါခြင်း၊ ဆိုင်ကယ်တွင် နှစ်ဦးထက်ပို၍ စီးနင်းခြင်း၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း စသော သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ မလိုက်နာခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ လက်အချက်ပြမှုများကို မလိုက်နာခြင်းစသည်တို့အား မော်တော်ယာဉ်ဥပဒဖြေင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလမတိုင်မီနှင့် ပွဲတော်ကာလအတွင်း စည်းကမ်းပျက်ယာဉ်နှင့် ဆိုင်ကယ်များအား ခေတ္တသိမ်းဆည်းကာ တန်ဆောင်တိုင်ပွဲတော်ကာလပြီးမြောက်မှသာ မော်တော်ယာဉ်ဥပဒေအရ တရားစွဲဆို အရေးယူမည်ဟု သိရသည်။

ပွဲတော်ကာလအတွင်း လမ်းကြောင်းပြမြေပုံကိုလည်း တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပရေးဦးစီးကော်မတီက ထုတ်ပြန်ထားသည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~



တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း မူးယစ်ပြီး မောင်းနှင်ခြင်း၊ ယာဉ်နံပါတ်ပြားမပါခြင်း၊ ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မပါခြင်း၊ ဆိုင်ကယ်တွင် နှစ်ဦးထက်ပို၍ စီးနင်းခြင်း၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း စသော သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ မလိုက်နာခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ လက်အချက်ပြမှုများကို မလိုက်နာခြင်းစသည်တို့အား မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။



Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net