ဆီဆိုင္၊ ပင္ေလာင္း၊ ဟိုပုံးႏွင့္ ဖယ္ခုံၿမိဳ႕နယ္တို႔ရွိ ဘိန္းခင္း (၄၄)ဧကေက်ာ္ ဖ်က္ဆီး

ဆီဆိုင္၊ ပင္ေလာင္း၊ ဟိုပုံးႏွင့္ ဖယ္ခုံၿမိဳ႕နယ္တို႔ရွိ ဘိန္းခင္း (၄၄)ဧကေက်ာ္ ဖ်က္ဆီး
ဒီဇင်ဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဆီဆုိင္၊ ပင္ေလာင္း၊ ဟိုပံုးႏွင့္ ဖယ္ခံုၿမိဳ႕နယ္မ်ားတြင္ ပူးေပါင္းအဖြဲ႕ျဖင့္ ဘိန္းစိုက္ခင္းမ်ား ရွာေဖြဖ်က္ဆီးေနရာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁)ရက္ေန႔အထိ ဘိန္းစိုက္ခင္း စုစုေပါင္း (၄၄)ဧကေက်ာ္ကို ေတြ႔ရိွဖ်က္ဆီးထားၿပီးျဖစ္ေၾကာင္း သိရသည္။

သက္ဆုိင္ရာ ဌာနမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁) ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဆီဆိုင္ၿမိဳ႕နယ္အတြင္း ဘိန္းစိုက္ခင္း (၁၁) ဧကခန္႔အား ေတြ႔ရိွဖ်က္ဆီးခဲ့ျခင္းျဖစ္ၿပီး ပင္ေလာင္းၿမိဳ႕နယ္၊ ကင္မြန္းၿခဳံေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၈) ဧကခန္႔၊ ဟိုပုံးၿမိဳ႕နယ္၊ ထမ္းအယ္ေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၂၃) ဧကခန္႔၊ ဖယ္ခုံၿမိဳ႕နယ္၊ ေခါင္အိေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၂.၅) ဧကခန္႔တို႔ကို ေတြ႔ရိွဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ဘိန္းစိုက္ပ်ိဳးရာသီတြင္ ဘိန္းခင္းမ်ားကို ရွာေဖြဖ်က္ဆီးျခင္းအား ေဒသအလုိက္ သက္ဆုိင္ရာဌာနမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

ဘာ(၄)ဘာ ဟု သတ္မွတ္ထားသည့္ ႏွစ္စဥ္  စက္တင္ဘာလ၊ ေအာက္တိုဘာ၊ ႏို၀င္ဘာ ႏွင့္ ဒီဇင္ဘာလမ်ားတြင္ ဘိန္းပင္မ်ားစိုက္ပ်ဳိးေလ့ရွိသည့္ ေဒသမ်ားသို႔ သက္ဆိုင္ရာမ်ားမွ သြားေရာက္ ဘိိန္းခင္မ်ားကို ရွာေဖြဖ်က္ဆီးမႈမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနှင့် ဖယ်ခုံမြို့နယ်များတွင် ပူးပေါင်းအဖွဲ့ဖြင့် ဘိန်းစိုက်ခင်းများ ရှာဖွေဖျက်ဆီးနေရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ ဘိန်းစိုက်ခင်း စုစုပေါင်း (၄၄)ဧကကျော်ကို တွေ့ရှိဖျက်ဆီးထားပြီးဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လယ်ပိုင်းတွင် ဆီဆိုင်မြို့နယ်အတွင်း ဘိန်းစိုက်ခင်း (၁၁) ဧကခန့်အား တွေ့ရှိဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ၌ ဘိန်းစိုက်ခင်း (၈) ဧကခန့်၊ ဟိုပုံးမြို့နယ်၊ ထမ်းအယ်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၂၃) ဧကခန့်၊ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာ၌ ဘိန်းစိုက်ခင်း (၂.၅) ဧကခန့်တို့ကို တွေ့ရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးရာသီတွင် ဘိန်းခင်းများကို ရှာဖွေဖျက်ဆီးခြင်းအား ဒေသအလိုက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် လုပ်ဆောင်နကြခြေင်းဖြစ်သည်။

ဘာ(၄)ဘာ ဟု သတ်မှတ်ထားသည့် နှစ်စဉ် စက်တင်ဘာလ၊ အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် ဘိန်းပင်များစိုက်ပျိုးလေ့ရှိသည့် ဒေသများသို့ သက်ဆိုင်ရာများမှ သွားရောက် ဘိန်းခင်များကို ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~