တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း လုံခြုံရေးစိုးရိမ်မှုမရှိစေရေး ပြည်နယ်အစိုးရ စီမံဆောင်ရွက်နေ

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း လုံခြုံရေးစိုးရိမ်မှုမရှိစေရေး ပြည်နယ်အစိုးရ စီမံဆောင်ရွက်နေ
အောက်တိုဘာ 11, 2019
By 🌸
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် လာရောက်မည့်သူများ လုံခြုံရေးစိုးရိမ်မှုမရှိစေရန် ပွဲတော်ကျင်းပရေးအစီအစဉ်များကို ပြည်နယ်အစိုးရက စနစ်တကျစီမံဆောင်ရွက်နေသည်ဟု သိရသည်။

“တန်ဆောင်တိုင်ပွဲဆိုတာ ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲကြီး ဖြစ်တယ်လေ။ ပြည်တွင်းက ပြည်သူပြည်သားတွေ လာကြည့်တဲ့အပြင် နိုင်ငံခြားသားတွေလာပြီးတော့ ကြည့်ရှုတဲ့ပွဲဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ပွဲတော်ကြီး သန့်ရှင်းသပ်ရပ်ဖို့၊ လုံခြုံဖို့ ကျွန်တော်တို့ စနစ်တကျစီမံပေးနေပါတယ်။ ပြည်နယ်အစိုးရကနေ စနစ်တကျ စီမံပေးနေတဲ့ပွဲကြီးဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေကို အသိပေးချင်တာကတော့ တန်ကြီးတန်ဆောင်တိုင်ပွဲကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ချင်တာပေါ့"ဟု တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်နေသည့်အပြင် ပြိုင်ပွဲဝင် မီးပုံးများအတွက် ဆုကြေးများကိုလည်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

" ဒီနှစ်မှာ ဆုကြေးတွေ တိုးပေးဖို့တော့ လျာထားတယ်။ မီးပုံးပျံပြိုင်ပွဲဝင်တဲ့ ညမီးကြီးဆိုရင် မနှစ်က နှစ်သိမ့်ဆုက (၃၀၀,၀၀၀) ပေးတာကနေ ဒီနှစ်က (၃၅၀,၀၀၀) ထိ တိုးပေးမယ်။ စိန်နားပန်က ပြိုင်ပွဲဝင် ပြိုင်ပွဲဝင်ကြေးကို (၁၀၀,၀၀၀) ပေးရာကနေ ဒီနှစ် (၁၃၀,၀၀၀) အထိ တိုးမြှင့်ပေးမှာပေါ့။ ပြိုင်ပွဲဝင်မီးပုံးစာရင်းက မပိတ်သေးတော့ ဆုချီးမြှင့်ရေးကော်မတီကတော့ အသုံးစရိတ် မတင်နိုင် သေးဘူးပေါ့နော်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

လက်ရှိ သတ်မှတ်ထားသည့် ပွဲတော်ရက်ကို ထပ်တိုးပေးရန် မီးပုံးပျံပညာရှင်များ၏ တောင်းဆိုထားမှုကို ပြိုင်ပွဲဝင်မီးပုံးပျံ အရေအတွက်နှင့် ရာသီဥတုပေါ်မူတည်၍ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း လုံခြုံရေးကို ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် မီးသတ်တပ်ဖွဲ့တို့မှ လုံခြုံရေးအင်အားများ ရယူကာ အတွင်းစည်း အပြင်စည်း ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေတာင္ႀကီး တန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ကာလအတြင္း လံုၿခံဳေရးစိုးရိမ္မႈမရိွေစေရး ျပည္နယ္အစိုးရ စီမံေဆာင္ရြက္ေန
**********
ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ ျဖစ္ပြားခဲ့သည့္ ပဋိပကၡမ်ားေၾကာင့္ ေတာင္ႀကီး တန္ေဆာင္တုိင္ပြဲေတာ္ လာေရာက္မည့္သူမ်ား လံုၿခံဳေရးစိုးရိမ္မႈမရိွေစရန္ ပြဲေတာ္က်င္းပေရးအစီအစဥ္မ်ားကို ျပည္နယ္အစိုးရက စနစ္တက်စီမံေဆာင္ရြက္ေနသည္ဟု သိရသည္။

“တန္ေဆာင္တိုင္ပြဲဆိုတာ ရွမ္းျပည္နယ္ရဲ႕ အထင္ကရပြဲႀကီး ျဖစ္တယ္ေလ။ ျပည္တြင္းက ျပည္သူျပည္သားေတြ လာၾကည့္တဲ့အျပင္ ႏိုင္ငံျခားသားေတြလာၿပီးေတာ့ ၾကည့္ရႈတဲ့ပြဲျဖစ္တဲ့အတြက္ အစိုးရအေနနဲ႔ ပြဲေတာ္ႀကီး သန္႔ရွင္းသပ္ရပ္ဖို႔၊ လံုၿခံဳဖို႔ ကၽြန္ေတာ္တို႔ စနစ္တက်စီမံေပးေနပါတယ္။ ျပည္နယ္အစိုးရကေန စနစ္တက် စီမံေပးေနတဲ့ပြဲႀကီးျဖစ္တဲ့အတြက္ ျပည္သူျပည္သားေတြကို အသိေပးခ်င္တာကေတာ့ တန္ႀကီးတန္ေဆာင္တိုင္ပြဲကို လာေရာက္လည္ပတ္ဖို႔ ဖိတ္ေခၚခ်င္တာေပါ့"ဟု ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္က်င္းပေရး ဦးစီးေကာ္မတီ ဥကၠဌ ျဖစ္သူ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၄) ရက္ေန႔မွ (၁၂) ရက္ေန႔အထိ က်င္းပမည့္ တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကို စနစ္တက်ျဖစ္ေစေရး စီမံေဆာင္ရြက္ေနသည့္အျပင္ ၿပိဳင္ပြဲဝင္ မီးပံုးမ်ားအတြက္ ဆုေၾကးမ်ားကိုလည္း တိုးျမႇင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

" ဒီႏွစ္မွာ ဆုေၾကးေတြ တိုးေပးဖို႔ေတာ့ လ်ာထားတယ္။ မီးပံုးပ်ံၿပိဳင္ပြဲဝင္တဲ့ ညမီးႀကီးဆိုရင္ မႏွစ္က ႏွစ္သိမ့္ဆုက (၃၀၀,၀၀၀) ေပးတာကေန ဒီႏွစ္က (၃၅၀,၀၀၀) ထိ တိုးေပးမယ္။ စိန္နားပန္က ၿပိုင္ပြဲ၀င္ ၿပိဳင္ပြဲဝင္ေၾကးကို (၁၀၀,၀၀၀) ေပးရာကေန ဒီႏွစ္ (၁၃၀,၀၀၀) အထိ တိုးျမႇင့္ေပးမွာေပါ့။ ၿပိဳင္ပြဲဝင္မီးပံုးစာရင္းက မပိတ္ေသးေတာ့ ဆုခ်ီးျမႇင့္ေရးေကာ္မတီကေတာ့ အသံုးစရိတ္ မတင္ႏုိင္ ေသးဘူးေပါ့ေနာ္”ဟု လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းက ေျပာသည္။

လက္ရိွ သတ္မွတ္ထားသည့္ ပြဲေတာ္ရက္ကို ထပ္တိုးေပးရန္ မီးပံုးပ်ံပညာရွင္မ်ား၏ ေတာင္းဆိုထားမႈကို ၿပိဳင္ပြဲဝင္မီးပံုးပ်ံ အေရအတြက္ႏွင့္ ရာသီဥတုေပၚမူတည္၍ ျပင္ဆင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ပြဲေတာ္ကာလအတြင္း လံုၿခံဳေရးကို ရဲတပ္ဖြဲ႕၊ တပ္မေတာ္ႏွင့္ မီးသတ္တပ္ဖြဲ႕တို႔မွ လံုၿခံဳေရးအင္အားမ်ား ရယူကာ အတြင္းစည္း အျပင္စည္း ခ်ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထိုက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net