Update News

တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးမျှောပွဲတွင် လွယ်ကထုံးပစ္စည်းရောင်းချလိုသူများ ရွှေဝါနဒီပန်းခြံရှေ့တွင် လာရောက် ရောင်းချနိုင်တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးမျှောပွဲတွင် လွယ်ကထုံးပစ္စည်းရောင်းချလိုသူများ ရွှေဝါနဒီပန်းခြံရှေ့တွင် လာရောက် ရောင်းချနိုင်


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ပထမဆုံးအဖြစ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၌ ကျင်းပမည့် တန်ဆောင်တိုင်မီးမျှောပွဲ(လွယ်ကထုံး)အတွက် အသင့်ပြုလုပ်ထားသည့် မီးမျှောစရာ လွယ်ကထုံးပစ္စည်းရောင်းချလိုသူများ ညနေ (၅)နာရီကစ၍ ရွှေဝါနဒီပန်းခြံဘေး မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)လမ်းမတစ်လျှောက်တွင် မိမိတို့ အစီအစဉ်ဖြင့် လာရောက်ရောင်းချနိုင်ကြောင်း သိရသည်။

“မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)လမ်းကို ညနေ (၆)နာရီကတည်းက ပိတ်ပေးသွားမှာပါ။ ရောင်းချင်တဲ့သူတွေ လမ်းဘေးဝဲယာတစ်လျှောက် ရောင်းနိုင်တယ်။ ဆိုင်ခန်းခမကောက်ဘူး။ ပန်းခြံအတွင်းတော့ ဝင်ရောင်းခွင့် မပေးပါဘူး”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် တန်ဆောင်မုန်းလပြည့်ည (တန်ဆောင်တိုင်)နေ့များတွင် တစ်ဖက်နိုင်ငံရှိ မယ်ဆိုင်မြို့၌ လွယ်ကထုံးပွဲသွားရောက်ဆင်နွှဲရလေ့ရှိသဖြင့် တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပလာခြင်းဖြစ်သည်။

တာချီလိတ်တန်ဆောင်တိုင်မီးမျှောပွဲကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)ထိပ်ရှိ ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။

တာချီလိတ်တန်ဆောင်တိုင်မီးမျှောပွဲကို တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ထိပ်၊ ရွှေဝါနဒီပန်းခြံတွင် ကျင်းပသွားမည်ဖြစ်ပြီး သီဆိုဖျော်ဖြေမှုများ၊ လူငယ်များ၏ BBoy အကများဖြင့် ဖျော်ဖြကြေမည်ဖြစ်သည်။

Tachileik News Agency
 








ဆက်စပ်သတင်း
တာချီလိတ်မြို့၏ ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးမျှောပွဲ နိုဝင်ဘာလ(၁၁)ရက်နေ့ ညတွင် ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပမည်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

Note: Only a member of this blog may post a comment.