တာချီလိတ်က နေအိမ်အခန်းငှားပိုင်ရှင်များ မီတာခ ပိုမိုကောက်ခံနေတဲ့ ကိစ္စ

တာချီလိတ်က နေအိမ်အခန်းငှားပိုင်ရှင်များ မီတာခ ပိုမိုကောက်ခံနေတဲ့ ကိစ္စ
ဇူလိုင် 28, 2020
By Tachileik News Agency
တာချီလိတ်က နေအိမ်အခန်းငှားပိုင်ရှင်များ မီတာခ ပိုမိုကောက်ခံနေတဲ့ ကိစ္စ  

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်းကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိမ်ရှင်တွေက အိမ်ငှားတွေအပေါ် မီတာခတွေ ပိုမိုကောက်ခံနေတဲ့ ကိစ္စရပ်ကိုလည်း မီးလင်းရေးကော်မတီက အဓိကလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်နေကြောင်း တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က ပြောပါတယ်။

တာချီလိတ်မြို့မှာရှိတဲ့ အိမ်ပိုင်ရှင်တွေ ဆိုင်ခန်းပိုင်ရှင်တွေဘက်က  မီတာသုံးစွဲခတွေကို ဈေးနှုန်းအမျိုးမျိုးကောက်ခံနေတဲ့အခါမှာ နေအိမ်အငှားနဲ့ ဆိုင်ခန်းငှားရမ်းနေထိုင်သူတွေအနေဘက်က သူတို့ ကောက်ခံသလောက် ပေးဆောင်နေရပြီး လက်ရှိ COVID-19 ကာလအထိ  လျော့ပေါ့ကောက်ခံပေးခြင်း မရှိတဲ့အတွက်  အိမ်နဲ့ ဆိုင်ခန်းငှားရမ်းနေထိုင်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ၂၀၂၀ ခုနှစ် ဇွန်လ (၉) ရက်နေ့ကတည်းက အကြောင်းကြားစာပေးပို့ထားကြောင်း သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~