ထိုင္းႏုိင္ငံအတြင္း နယ္ေက်ာ္သြားေရာက္မႈေၾကာင့္ ဖမ္းခံရသည့္ ျမန္မာႏိုင္ငံသား (၁၁) ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏုိင္ငံအတြင္း နယ္ေက်ာ္သြားေရာက္မႈေၾကာင့္ ဖမ္းခံရသည့္ ျမန္မာႏိုင္ငံသား (၁၁) ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္း
စက်တင်ဘာ 10, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း နယ္ေက်ာ္သြားေရာက္မႈျဖင့္ ဖမ္းဆီးခံရသည့္ ရွမ္းျပည္နယ္အတြင္းမွ လူငယ္ (၁၁) ဦးအား (၄) လၾကာျပစ္ဒဏ္က်ခံၿပီးေနာက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္သို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၀) ရက္ေန႔ နံနက္က ျပန္လည္လႊဲေျပာင္းေပးလာသည္။

လႊဲေျပာင္းေပးလာသူ (၁၁) ဦးတြင္ အမ်ိဳးသား (၈) ဦးႏွင့္ အမ်ိဳးသမီး (၃) ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

အလားတူပင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၉)ရက္ေန႔ နံနက္ပိုင္းက   ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ အမ်ဳိးသား(၃)ဦး ႏွင့္ အမ်ဳိးသမီး(၁၀)ဦး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ အမ်ဳိးသား(၁)ဦးတို႔ကိုလည္း လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

၎တို႔သည္ ထိုင္းႏုိင္ငံအတြင္းသို႔ ခ်စ္ၾကည္ေရးတံတား(၁)မွ တဆင့္ သြားေရာက္ျခင္း ျဖစ္ေနေသာ္လည္း နယ္စပ္ျဖတ္သန္းလက္မွတ္တြင္ ကန္႔သတ္ထားသည့္ မယ္ဆိုင္ၿမိဳ႕ကို ေက်ာ္လြန္ကာသြားေရာက္ျခင္းေၾကာင္း ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားရောက်မှုဖြင့် ဖမ်းဆီးခံရသည့် ရှမ်းပြည်နယ်အတွင်းမှ လူငယ် (၁၁) ဦးအား (၄) လကြာပြစ်ဒဏ်ကျခံပြီးနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်သို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်က ပြန်လည်လွှဲပြောင်းပေးလာသည်။

လွှဲပြောင်းပေးလာသူ (၁၁) ဦးတွင် အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ ပါဝင်ကြောင်း သိရသည်။

အလားတူပင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁၀)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အမျိုးသား(၁)ဦးတို့ကိုလည်း လွှဲပြောင်းပေးလာကြောင်း သိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ချစ်ကြည်ရေးတံတား(၁)မှ တဆင့် သွားရောက်ခြင်း ဖြစ်နေသော်လည်း နယ်စပ်ဖြတ်သန်းလက်မှတ်တွင် ကန့်သတ်ထားသည့် မယ်ဆိုင်မြို့ကို ကျော်လွန်ကာသွားရောက်ခြင်းကြောင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net