တာချီလိတ်ဆေးရုံကြီးအတွင်း မီးလောင်မှုကို လာရောက်ငြိမ်းသတ်သည့် ပြည်သူအား စစ်တပ်က သေနတ်ဖြင့် ပစ်ဖောက်ကာ ခြောက်လန့်

တာချီလိတ်ဆေးရုံကြီးအတွင်း မီးလောင်မှုကို လာရောက်ငြိမ်းသတ်သည့် ပြည်သူအား စစ်တပ်က သေနတ်ဖြင့် ပစ်ဖောက်ကာ ခြောက်လန့်
မတ် 27, 2021 | ရှမ်းရှေ့

 တာချီလိတ်ဆေးရုံကြီး(ဆေးရုံသစ်)အတွင်း ရင်ခွဲရုံအနောက်ဘက်ရှိ ငှက်ပျောပင်များအကြားတွင် ယနေ့ မတ်လ(၂၇)ရက်နေ့ ည(၈း၅၀)နာရီဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားသည်။

မီးလောင်မှုကြောင့် အနီးနေ ပြည်သူများက သွားရောက်ငြိမ်းသတ်ရန်သွားရောက်သည်ကို စစ်တပ်က သေနတ်ဖြင့် ခြောက်လန့်ပစ်ဖောက်ပြီး မီးငြိမ်းရန်မလိုကြောင်းပြောကာ မောင်းထုတ်ကြောင်း သိရသည်။

ည(၉း၁၅)နာရီဝန်းကျင်တွင် မီးငြှိမ်းသွားကြောင်း  နှင့် မီးလောင်မှုနှင့်ပတ်သက်၍ ဘယ်ကစလောင်သည်ကို ပြည်သူများက မသိရကြောင်း သိရသည်။